အချစ်ရေးကံမကောင်းသော ဝန်ထမ်းတွေအတွက် ရည်းစားကြောင့် အသည်းကွဲရင်ခွင့်(၂)ရက်၊ လင်မယားကွာရှင်းရင် ခွင့် (၃)ရက် ပေးသတဲ့

ကမ္ဘာ့အလုပ်သမားလောကမှာ နာမကျန်းခွင့်၊ ကိုယ်ဝန်ဆောင်ခွင့်၊ လုပ်သက်ခွင့် စတာတို့သာ ကျုပ်ကြားဖူးခဲ့ပေမဲ့ ခု ၂၀၀၉ခုနှစ်ထဲမှာတော့ ကမ္ဘာ့အလုပ်သမားလောကမှာ အဆန်းဆုံးခွင့်တွေကို တရုတ်နိုင်ငံရှန်ဟိုင်းမြို့ရှိ ကုမ္ဗဏီတခုက စတင်လိုက်ပြီလို့ပဲ ပြောလိုက်ပါရစေ။ အဲဒါကဘာလဲဆိုတော့ အဲဒီ့ကုမ္ဗဏီကြီးက အချစ်ရေးကံမကောင်းကြတဲ့ ဝန်ထမ်းတွေအတွက် အထူးအဆန်းပဲဆိုပါတော့။ Xinaus 18-11-2009 ထဲမှာ ဘယ်လိုပါသလဲဆိုတော့ အဲဒီရှန်ဟိုင်းမြို့မှာ ခုလို ဝန်ထမ်းသက်သာချောင်ချိရေးပရိုမိ
ုးရှင်း အစီအစဉ်ကြီး လုပ်လိုက်တဲ့ ကုမ္ဗဏီကြီးရဲ့ အကြံပေးပုဂ္ဂိုလ် မစ္စတာဖောင်ဆိုသူက ဘာပြောသလဲဆိုတော့ သူတို့ ကုမ္ဗဏီက ဝန်ထမ်းတွေအနေနဲ့ သက်သေပြစရာမလိုဘူး။ ကျွန်တော် ဒါမှမဟုတ် ကျွန်မကတော့ ရည်စားပြစ်သွားလို့ ရည်းစားပျက်လို့ စိမ်းကားသွားရင် အသည်းကွဲရောဂါခံစားရပါပြီလို့ ပြောလိုက်တာနဲ့ ကုမ္ဗဏီက ခွင့်(၂)ရက်တခါတည်း ပေးလိုက်မှာပဲ။ ဒါပေမဲ့ ဝန်ထမ်းတယောက်က ခဏခဏအသည်းကွဲလို့တော့ မရဘူး။ တနှစ်ကို တကြိမ်ပဲ အသည်းကွဲခွင့်ရှိသတဲ့။ ပြီးတော့ လင်မယားတွေအဆင်မပြေလို့ ကွဲကွဲ၊ ဘယ်လိုပဲ ကွဲကွဲ ကျွန်တော် ဒါမှမဟုတ် ကျွန်မတို့ လင်မယားကွဲသွားပြီဆိုတာနဲ့ ကုမ္ဗဏီက ခွင့်(၃)ရက်ရမှာ ကြိမ်းသေပါပဲ။ ကုမ္ဗဏီဝန်ထမ်းတဦးဖြစ်တဲ့ ဂျောင်ဆိုတဲ့လူက အဲဒီအမိန့်လည်းထွက်ရော ဒီခွင့်ပေးတာဟာ အလုပ်ခွင်မှာ တွေဝေနေစရာ မလိုတော့ဘူး။ နွေးထွေးစွာအလုပ်ကို ပျော်ရွှင်သွာလုပ်လို့ရပြီး ခုလို လုပ်ငန်းခွင်မှာ နွေးထွေးမှုရှိတဲ့ ပါတ်ဝန်းကျင် ဖြစ်အောင် စီစဉ်ပေးတာဟာ လစာ တိုးပေးတာထက်တောင် စိတ်ချမ်းသာစေပါသတဲ့။ ဒီလိုအခွင့်အရေးမျိုးက ကမ္ဘာမှာ ဒါဟာပထမဆုံးပဲထင်လိုက်သလို အဲဒီအခွင့်အရေးအတွက်လည်း လက်ခုပ်တီးပေးလိုက် ပါတယ်။ (မြန်မာပြည်မှာလည်း မပေါ်ဘူးလို့ မပြောနိုင်ဘူး)
မောင်ယဉ်ကျော်
FWD Mail

အွန်လိုင်းမှတစ်ဆင့် မင်္ဂလာဆောင်ခြင်း ပြည်တွင်း၌ ပြုလုပ်လာကြ

 အွန်လိုင်းမှတစ်ဆင့် မင်္ဂလာအခမ်းအနား ပြုလုပ်ပေးသူ အချို့၏ ပြောပြ ချက်အရ သိရသည်။ ”သတို့သား> ဒါမှမဟုတ် သတို့သမီးက အဝေးရောက်နေပြီး ပြန်မလာနိုင်ဘူးဆိုရင် ဒီဘက်မှာ ပရိသတ်အစုံအလင်နဲ့ သတို့သား ဒါမှမဟုတ် သတို့သမီးတစ်ယောက် ရှိ နေပြီး  ဟိုဘက်ကလူကို အွန်လိုင်းကနေမြင်ပြီး ဆောင်တာမျိုးပါ။ ဟိုဘက်ဒီဘက်  ပရိုဂျက်တာနဲ့မြင်ပြီး ဆောက်ကြတာ”ဟု မင်္ဂလာအခမ်းအနားများ ပြုလုပ်ကျင်းပ ပေး  လျက်ရှိနေသာ Park Royal Hotelမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။   ၄င်းကဲ့သို့ အွန်လိုင်းမှတစ်ဆင့် မင်္ဂလာအခမ်းအနားကျင်းပခြင်းကို ရန်ကုန်မြို့ရှိ  ဟိုတယ်ကြီးများတွင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိနေပြီး ယမန်နှစ်ကစတင်ကာ အဆိုပါ အခမ်းအနားများ ပြုလုပ်ကျင်းပပေးရခြင်းများ ခေတ်စားလာခြင်းဖြစ်ကြောင်း  အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ”ပြီးခဲ့တဲ့နှစ်က နိုင်ငံခြားသား  စုံတွဲနှစ်တွဲရယ်၊ မြန်မာစုံတွဲ တစ်တွဲရယ်ကို အွန်လိုင်းကတစ်ဆင့်  တက်ရောက်တဲ့ မင်္ဂလာပွဲအနေနဲ့ လက်ခံကျင်းပပေးခဲ့ရတယ်။ ဒီနှစ်ထဲ မှာ  တစ်ပွဲလုပ်ပေးဖို့ ရှိတယ်”ဟု ၄င်းက ပြောသည်။  အဆိုပါ မင်္ဂလာအခမ်းအနားမျိုးကို နိုင်ငံခြားတွင် အလုပ်မအား လပ်သူများ၊ အချိန်မပေးနိုင်သောသူများ၊ လုပ်ငန်းရှင်များ အများဆုံး ပြုလုပ်ကြကြောင်း သိရသည်။ ”အွန်လိုင်းကနေ ကြိုက်၊ အပြင်မှာလက်ထပ်တာတွေပဲရှိခဲ့တာ။  အခုက မြန်မာပြည်မှာ အွန်လိုင်းက ယူတာတွေရှိလာပြီဆိုတော့ တစ်ခုအဆင်ပြေပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေ အလုပ်မပျက်ဘူးပေါ့။ စင်ကာပူမှာတော့  ခဏခဏတွေ့ရတယ်”ဟု စင်ကာပူတွင် ကျောင်းတက်နေသော မမြတ်မှူးချယ်က ပြောသည်။  အွန်လိုင်းမှတစ်ဆင့် မင်္ဂလာအခမ်းအနား ပြုလုပ်ခြင်းသည် အရှေ့ တောင်အာရှနိုင်ငံများသို့  ကူးပြောင်းရောက်ရှိလာခြင်းမှာ ကာလအနည်းငယ်သာရှိနေသေးပြီး ကမ္ဘာ တွင်  ရေပန်းစားနေကြောင်း သိရသည်။
 

The Examples of Extreme Laziness

သူများတွေငိုက်တာ မြင်ဖူးတယ်နော်.....သူ့လိုတော့ မဟုတ်ဘူး....သူကငိုက်တာတောင် ဇိမ်လေးနဲ့...

ဟိုဖက်တန်းမှာပဲစီနေကြတယ်နော်..
.....နည်းနည်းလောက်ခြေထောက်သုံးလိုက်ရမှာကို ပျင်းကြတာလေ....စက်လှေကားမှ စက်လှေကားပဲ...

ဒီမှာလည်း တမျိုးနော်.....ဆေးသုတ်တာ ၀ိုက်တောင် မသုတ်တော့ဘုး..တည့်တည့်ပဲ


ကိုယ်ကာယလေ့ကျင့်ဖို့သွားရမှာကိ
ု စက်လှေကားလေးတောင် ထားပေးထားတယ်နော်.......:)

နီးနီးလေးကို ကားနဲ့သွားတဲ့ လူတွေလည်း ရှိသေးတယ်

ဒီကိုယ်လုံးဖြစ်နေတာ မဆန်းဘူးနော်.....

သားလေးလည်း ဘီးစီး...မေမေလည်း လမ်းမလျှောက်ချင်ဘူး.....

သစ်ကိုင်းကို မဖယ်ပဲ ဆေးသုတ်ထားတာလေ.......

ပျင်းတယ်....ထမယူချင်ဘူး...

ကျွန်တော်တို့ ဘယ်တော့မှ မျှော်လင့်ချက်တွေကို မဆုံးရှုံးစေသင့်ဘူး ( Nick Vujicic )

ကျွန်တော်တို့ ဘယ်တော့မှ မျှော်လင့်ချက်တွေကို မဆုံးရှုံးစေသင့်ဘူး
ဘ၀ ဆိုတာ ပန်းခင်းလမ်းစစ်စစ် မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိခဲ့ကြပြီး ဖြစ်ပါတယ် ။ ဆူးတွေ အပြည့်နဲ့ အချို့ က သွေးသံရဲရဲ နဲ့ ဘ၀ရဲ့ အဓိပ္ပါယ်ဆိုတာ ဘာမှန်းမသိအောင် ခံစားနေရတဲ့ သူတွေ ရှိပါတယ် ။ ဒါပေမယ့် ကျွန်တော် အနှစ်သက်ဆုံး စကားတစ်ခွန်းရှိပါတယ် ။
" ကျွန်တော်တို့ ဘယ်တော့မှ မျှော်လင့်ချက်တွေကို မဆုံးရှုံးစေသင့်ဘူး " တဲ့ ။

အလွန်ကို မှန်ကန်တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ် ။ လူတွေ အသက်ရှင်နေသရွှေ့ ဘာကို အားကိုးပြီး နေထိုင် နေကြရတာပါလဲ ။ ကျွန်တော်တို့ ကြိုးစားမှုတွေရဲ့ နောက်ဆုံးရလဒ်က ဘာလဲ ။ ချမ်းသာမှုလား ... ပျော်ရွှင် မှုလား.... သေခြင်းတရားလား ။ မြန်မာ ဗုဒ္ဓဘာသာ အယူအဆ အရဆိုရင် ကောင်းကင်က အပ် တစ်စင်းနဲ့ လူ့ပြည် က အပ်တစ်စင်း ဆုံချင်သာဆုံမယ် ။ လူ့ ဘ၀ကို ရရှိဖို့ဆိုတာ အလွန်ကို ခက်ခဲလှပါတယ် တစ်ချို့ ငွေပုံကြီး ပေါ်ထိုင်ပြီး ရောဂါသည်ဘ၀နဲ့ နေရတယ် ။ တစ်ချို့က တိုက်တွေကားတွေနဲ့ စက်ရုပ်ဆန်ဆန် နေထိုင်ကြရတယ် ။ တစ်ချို့ ကတော့ ဆင်းရဲလွန်းလို့ ထမင်းတောင် နပ်မှန်အောင် မစားရတဲ့ဘ၀ ။ သေဖို့ ကြံစည်တဲ့အထိတောင် ဖြစ်ကြတယ်လို့ ကျွန်တော် လေ့လာဖူးပါတယ် ။ အဲဒီလို ဘ၀တွေအတွက် မျှော် လင့်ခြင်း ကို မဆုံးရှုံးစေသင့်ပါဘူး ။ ။ ဒါဆို လူဖြစ်ပေမယ့် လူခြင်း မတူရတဲ့ ဘ၀ ။ မပြည့်စုံတဲ့ဘ၀တွေအတွက် ဘာတွေ က မျှော်လင့်ချက်ဖြစ်မယ်လို့ သင်ထင်ပါသလဲ ။

" ရှင်သန်ခြင်း " ဆိုတဲ့ မျှော်လင့် ချက်ပဲ ဖြစ်ပါတယ် ။ ရှင်သန်ခြင်းသာ အဓိကလိုအပ်တဲ့ မျှော်လင့် ခြင်းဖြစ်ပါတယ် ။ ကဲ ဒါဆို မျှော်လင့်ချက် မရှိဘူးလို့ ကျွန်တော်တို့ ထင်ခဲ့တဲ့ ထင်နေတဲ့ ချို့ ယွင်းချက်ရှိတဲ့ လူ သား တွေရဲ့ ဘ၀တွေကို လေ့လာ ကြည့်ရအောင် ။


လူသားနှစ်ဦး လက်တွေပါမလာဘူး ။ ဒါပေမယ့် ရေလွှာလျောစီး နေကြတယ် ။ သာမန် လူတွေတောင် လုပ်ဖို့ ခက်ခဲ တဲ့ကိစ္စ သူတို့ စွမ်းဆောင်နေကြတယ် ။ ကျွန်တော်တို့ သန်သန်စွမ်းစွမ်းကြီးတွေ ဘာတွေကို စိတ်အား ငယ်နေကြတာလဲ ။


သူက ပခုံးနဲ့ ခေါင်းနဲ့ ညှပ်ပြီး ဂေါက်ရိုက်တတ်တယ် ။ ကျွန်တော်တို့ လက်နှစ်ဖက်လုံးပါကြတယ် ။ ဂေါက်လည်း ရိုက်နိုင်တယ် ။ ဘာကို စိတ်ပျက်နေကြတာလဲ ။


သူရေကူးတတ်တယ် ။ မနစ်မြှုပ်အောင် စွမ်းစွမ်းတမံ ကြိုးစားခဲ့တယ် ။ ကျွန်တော်တို့ရော... အဲဒီလို ကြိုးစား ဖူးကြရဲ့လား ။


သူ့မျက်နှာမှာ မျှော်လင့်ခြင်းတွေ အပြည့်နဲ့ လူတွေကို ရဲရဲ စိုက်ကြည့်လေ့ရှိတယ်။ ကျွန်တော်တို့ ဘာအတွက် ခေါင်းငုံ့ နေကြမှာလဲ ။


တစ်ဖက်က ကလေးလေးက ပျင်းရိစွာ စာရေးနေချိန်မှာ လက်မပါတဲ့ ကလေးငယ်လေးက စာကို ခြေချောင်း လေး နဲ့ ညှပ်ပြီး ဂရုတစိုက်ရေးနေတယ်။ ကျွန်တော်တို့ ငယ်ငယ်က အဲဒီလို ကြိုးစားခဲ့ကြရဲ့လား ။



သူ့ရဲ့ မျက်နှာမှာ ပျော်ရွှင်မှုတွေအပြည့်နဲ့ ရှင်သန်ခြင်းဆိုတဲ့ မျှော်လင့်ချက်တွေ အပြည့်နဲ့ ။


ဒီကလေးငယ်လေးရဲ့ ရှေုဆက်ရမယ့် ဘ၀ကိုလည်း သင်တွေးမိရဲ့လား ။



ဒါဆို သူတို့ သူတို့တွေ..မျှော်လင့်ချက်တွေကို အဆုံးရှုံးမခံကြဘူး ။ ကျွန်တော်တို့ကရော ဘာအတွက်ကြောင့်များ အဆုံး ရှုံးခံကြရမှာလဲ ။

စာရေးသူ......သက်တန့်ချို (၂၄.၃.၁၀)
Copy From : http://www.thettantcho.com

စတိဗ်ဂျော့ဘ်၏ စတန်းဖို့ဒ်တက္ကသိုလ် ဘွဲ့နှင်းသဘင်မိန့်ခွန်း

စတိဗ်ဂျော့ဘ်ရဲ့ စတန်းဖို့ဒ်တက္ကသိုလ် ဘွဲ့နှင်းသဘင်တစ်ခုမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းပါ။
ဒီမိန့်ခွန်းမှာ စတိဗ်ဂျော့ဘ်ရဲ့ ဘ၀တစ်စိတ်တစ်ပိုင်းကို လေ့လာနိုင်မှာဖြစ်တဲ့အပြင် လူငယ်တွေအတွက် အောင်မြင်ရေးအတွေးအခေါ်တွေရရှိစေတဲ့၊ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးတဲ့ ကမ္ဘာကျော် မိန့်ခွန်းတစ်ခု ဖြစ်ပါတယ်။
အခု ဒီမိန့်ခွန်းကို ဗီဒီယိုဖိုင်အနေနဲ့ ကြည့်ရှုနိုင်သလို စာဖိုင်အနေနဲ့ပါ ရယူနိုင်ပါပြီ။
ဗီဒီယိုဖိုင်မှာ မြန်မာစာတန်းထိုး ပါဝင်ပါတယ်။ စာဖိုင်မှာတော့ မြန်မာ ဘာသာပြန်အပြင် အင်္ဂလိပ်လို မူရင်းကိုပါ ဖတ်ရှုနိုင်ပါတယ်။
ဒီအောက်မှာ ဗီဒီယိုကို ကြည့်ရှုနိုင်ပါတယ်။

Steve Jobs' Commencement Speech at Stanford University with Myanmar Subtitles from yourlifesuccess on Vimeo.

ဒီအောက်မှာကတော့ စာဖိုင်ပါ။
စာဖိုင်ကို ရယူရန်အတွက် ဤနေရာကို Right-Click နှိပ်ပြီး Save Link As … ကို ရွေးပါ။ 


To Get This E-book, Right-Click Here and Choose Save Link As …

Copy From : http://yourlifesuccess.blog.com

မာရသွန် ပန်းဝင်ပြီး နာရီပိုင်း အတွင်း ကလေးမွေးဖွားသော အပြေးသမား

မာရသွန် ပြေးပွဲမြင်ကွင်း။
တနင်္ဂနွေနေ့ (၉.၁၀.၂၀၁၁) အမေရိကန် ပြည်ထောင်စု အေလီနွိုင်း (Illinois) ပြည်နယ်၊ ရှီကာဂိုမြို့ (Chicago) မာရသွန် ပြေးပွဲတွင် နာရေးသတင်းနှင့် သာရေးသတင်း သတင်းစုံသွားသည်။
ပန်းတိုင်ရောက်လုနီး ကိုက် ၅၀၀ အလိုတွင် မြောက်ကာရိုလိုင်းနားပြည်နယ်၊ ဂရင်းစ်ဘိုရို (Greensboro, N.C.)မှ အပြေးသမား တစ်ဦးသည် လဲကျသွားသည်။ သူ့အား ဆေးရုံသို့ ပို့လိုက်ရာ ဆေးရုံတွင် သေဆုံး သွားသည်။ မီးသက်အရာရှိ ဝေလျမ် ကဗ်ဗီနက်စ် (William Caviness)သည် မီးလောင်ဒဏ်ရာရသူများ ဆေးကုသရေးရံပုံငွေ စုဆောင်းရေး မာရသွန်ပြေးပွဲ ဝင်ခဲ့ခြင်းဖြစ်သည်။ သူသည် အသက် ၃၅ နှစ်ရှိပြီး ကလေးနှစ်ယောက် ဖခင် ဖြစ်သည်။
အားကစားသမား တစ်ယောက်ဖြစ်ပြီး မာရသွန် အတွေ့အကြုံရင့်သူ ဖြစ်သည်ဟု ရှီကာဂို ထရီဘယွန်း (Chicago Tribune) သတင်းစာက အစီရင်ခံသည်။ ၂၀၀၇ ခုနှစ်မှစ၍ ထိုပြေးပွဲတွင် ပထမသေဆုံးမှုဖြစ်ပြီး ၁၉၉၈ ခုနှစ်မှစ၍ ဆဌမမြောက် ဖြစ်သည်။
မာရသွန်ပြေးပြီး နာရီပိုင်းအကြာတွင် သမီးလေး ဂျူးန် (June) အား မွေးဖွားခဲ့သော ရှီကာဂိုမြို့သူ အင်ဘာ မီလာ
ထူးခြားဝမ်းမြောက်ဖွယ် သတင်းမှာမူ အခြားမာရသွန်အပြေးသမား တစ်ဦးဖြစ်သော ရှီကာဂိုမြို့သူ အင်ဘာ မီလာ (Amber Miller) သည် ပန်းဝင်ပြီး နာရီအနည်းငယ် အကြာတွင် ကလေးမွေးဖွားခဲ့သည်။ သူမသည် ကိုယ်ဝန် ၃၉ ပတ် အတွင်းတွင် ရှိနေရာ ဆရာဝန်က တောက်လျောက် မပြေးဘဲ ပြေးခြင်းနှင့် လမ်းလျှောက် ခြင်းအား အချိန်မျှပေးရန် မှာကြားပြီး ပြေးပွဲတွင် ပါဝင်ခွင့် ပြုခဲ့သည်။ သူမသည် အသက် ၂၇ နှစ်ရှိပြီး ပြေးပွဲတွင် သူမ၏ ခင်ပွန်း အသက် ၃၅ နှစ်ရှိ ဂျိုး မီလာ (Joe Miller) သူမနှင့် အတူ ပြေးပွဲတွင် ပါဝင်ခဲ့သည်။
မိမိအား လူများက အံ့အားသင့်သော အမူအရာဖြင့် ကြည့်ကြသည်ဟု မစ္စစ် မီလာ (Mrs. Miller) က ပြောသည်။ သူမသည် ည ၁၀ နာရီ၊ ၂၉ မိနစ်တွင် ၇ ပေါင် ၁၃ အောင်စ ရှိသော သမီးလေးအား မွေးဖွားခဲ့သည်။ သမီးလေးအား ကိုယ်ဝန်ဆောင်ထားစဉ် မာရသွန် ပြေးပွဲတွင် ဝင်ရောက်ပြေးသည်မှာ ယခုအကြိမ်သည် ပထမ မဟုတ်ပါ။ သမီး၏ သန္ဓေသက် ၁၇ ပတ်ရှိစဉ်က မစ္စစ် မီလာ (Mrs. Miller) သည် ဝစ္စကွန်းဆင်း ပြည်နယ်(Wisconsin Marathon) မာရသွန်တွင် ဝင်ရောက်ပြေးခဲ့သေးသည်။
ယခုအသက် ၁၉ လရှိသော သူမ၏ သား ကေးလဘ် (Caleb) အား ကိုယ်ဝန်ဆောင်ထားစဉ်ကလည်း အခြားမာရသွန်တစ်ခုတွင် ဝင်ရောက်ပြေးခဲ့သေး သည်။ သာမန်အားဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား မာရသွန် ပြေးပွဲများတွင် ဝင်ရောက်ပြေးရန် အကြံမပေးသော်လည်း ယခု မစ္စစ် မီလာ (Mrs. Miller) သည် အတွေ့အကြုံရင့်ပြီးသား အပြေးသမားဖြစ်ပြီး ကျန်းမာကြံ့ခိုင်သူဖြစ်သောကြောင့် ပြေးခွင့်ပြုခဲ့ကြောင်း ဒေါက်တာ ဂျက်ဖရီ လူဂက်ဒ် (Dr. Jeffrey Loughead)က ပြောသည်။ ဒေါက်တာ လူဂက်ဒ် (Dr. Loughead)သည် သူမကလေးမွေးခဲ့သော ဆေးရုံမှ ဖွားပြီးစကလေး စောင့်ရှောက်ရေး အထူးကုဆရာဝန် (neonatologist) ဖြစ်သည်။

ဖေ့စ်ဘွတ်ကြောင့်…

ဖေ့စ်ဘွတ်ကို တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် မာ့ခ်အိလိယော့ ဇူကာဘတ်သည် အသက်(၂၇)နှစ်သာ ရှိသေးသော်လည်း ဘီလျံနာတစ်ဦးဖြစ်နေလေပြီ။ သို့ရာတွင် သူ၏ဖေ့စ်ဘွတ်ကြောင့် လူမှုဆက်ဆံရေးနယ်ပယ်ဝယ် နစ်နာသော ပေးဆပ်ရခြင်းများလည်း ရှိနေပြန်၏။

ဖေ့စ်ဘွတ်ကဲ့သို့သော လူမှုကွန်ရက်ဝက်ဘ်ဆိုက်များကြောင့် ယင်းတို့ကို စွဲစွဲမြဲမြဲအသုံးပြုသူ လူငယ်များ၏ ဦးနှောက်တွင်းဝယ် ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ထင်ရှားသည့် သိပ္ပံပညာရှင်တစ်ဦးက ဆိုသည်။
ဖေ့စ်ဘွတ်၊ တွစ်တာနှင့် ဘေဘိုကဲ့သို့သော လူမှုကွန်ရက်များသည် လူငယ်တို့အပေါ် မိမိကိုယ် မိမိဗဟိုပြုသည့် အတ္တစိတ်မျိုးကို ပေါ်ပေါက်စေနိုင်ကြောင်း သူက ပြောခြင်းဖြစ်သည်။
ဦးနှောက်နှင့် အာရုံကြောဆိုင်ရာပညာရှင် စူဆန်ဂရင်းဖီးက ယင်းဝက်ဘ်ဆိုက်များအပေါ် အချိန်ပေးအလေးထားခြင်းကြောင့် အခြားအလုပ်များတွင် အာရုံစူးစိုက်မှုလျော့နည်းလာကာ ယင်းဝက်ဘ်ဆိုက်များသည်သာ တကယ့်ဘဝတစ်ခုဟု အထင်ရောက်လာပြီး အခြားသော စိတ္တဇ ဆန်သည့် လက္ခဏာများ ပေါ်ပေါက်လာတတ်ကြောင်း ရှင်းလင်းပြောကြားခြင်းပင်ဖြစ်သည်။
စူဆန် ဂရင်းဖီးသည် အောက် စဖို့တက္ကသိုလ်ကြီးမှ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဌာနမှူးတစ်ဦး ဖြစ်ပြီး တော်ဝင်သိပ္ပံအသင်းကြီး၏ ဒါရိုက်တာတစ်ဦးလည်းဖြစ်ကာ လူမှုကွန်ရက် ဝက်ဘ်ဆိုက်များ သည် လူငယ်တို့၏ ဦးနှောက်ကို ပုံစံသစ်တစ် မျိုးအဖြစ်  ပြောင်းလဲသွားစေနိုင်သည်ဟု ယုံကြည်သူ တစ်ဦး ဖြစ်သည်။
လူမှုကွန်ရက်များ ကို စွဲစွဲမြဲမြဲ သုံးနေကြသူ လူငယ်များသည် ကွန်ပျူတာမှ မျက်နှာခွာရမည်ကို စိုးရိမ်နေကြခြင်းကြောင့် အခြားကိစ္စရပ်များတွင် လစ်ဟင်းမှု ၊နှောင့်နှေးမှုများ  ပေါ်ပေါက်လာကြ ကြောင်း မိဘများနှင့် အုပ်ထိန်းသူများက တင်ပြလျက်ရှိကြသည်။
ဖေ့စ်ဘွတ်ကို အသုံးပြုသူ ပေါင်းများစွာတို့သည် ယင်းတို့၏ သူငယ်ချင်းများနှင့် အဆက်မပြတ်စေရေး၊ ဓာတ်ပုံများ မျှဝေဖြန့်ဖြူးရေးနှင့် မိမိတို့၏ အတွေးစိတ်ကူးများ၊ မိမိတို့၏ဆောင်ရွက်ချက်များကို ဖေ့စ်ဘွတ်မှတစ်ဆင့် မျှဝေရေးတို့တွင် အာရုံစူးစိုက်မှု လွန်ကဲသည် ထက်လွန်ကဲလာကြကြောင်း တွေ့ ရသည်။
ထို့အပြင် ‘တွစ်တာ’ဝက်ဘ် ဆိုက်ပေါ်တွင်လည်း အလားတူ ပြုမူလျက်ရှိကြကြောင်းတွေ့ရသည်။
ကွန်ပျူတာဂိမ်းများကို စွဲမြဲစွာ ကစားခြင်း၊ ဂျီတော့ကဲ့သို့သော အချင်းချင်းစကားပြောဆိုခြင်းနှင့် ရုပ်သံဇာတ်လမ်းတွဲများကို စွဲစွဲမြဲမြဲ ကြည့်ရှုခြင်းတို့သည်လည်း အလား တူ အကျိုးသက်ရောက်မှုမျိုးကို ဖြစ်ပေါ်စေနိုင်သည်ဟုသူကဆိုသည်။
ပါမောက္ခ စူဆန်ဂရင်းဖီး





”ကလေးပေါက်စလေးတွေဟာ အရောင်တောက်တောက်တွေ နဲ့ ဆူဆူညံညံအသံတွေကို ကြိုက် ကြသလိုမျိုး ဦးနှောက်ရဲ့အခြေ အနေတွေ ကလေးဆန်သွားမှာကို ကျွန်မစိုးရိမ်မိတာပါ။ ကလေးတွေလိုပဲ ကိုယ်လုပ်တာမှန်သမျှကို ဖေ့စ် ဘွတ်မှာပြောပြနေကြ တာကို တွေ့ နေရတာကြောင့်ပါပဲ။ သူတို့အတွက် အချိန်ကုန်လို့လည်းကုန်မှန်းမသိ ဖြစ်နေကြတယ်လေ”ဟု စူဆန်ဂရင်းဖီးက ပြောပါသည်။
”မနက်စာစားပြီးပြီလား၊ ရေမချိုးသေးဘူးလား အစရှိသဖြင့်ပေါ့လေ ဖေ့စ်ဘွတ်ပေါ်မှာ ပြောနေရေး နေကြတာတွေကို တွေ့ရတော့ ကလေးပေါက်စလေးတွေ ”မေမေ ဒီမှာကြည့်စမ်း သားဒီဟာလုပ်နေတယ်…ဟိုဟာလုပ်နေတယ်” အစရှိသဖြင့် ပြောတတ်ကြတာ မျိုးတွေကို ကျွန်မပြေးသတိရမိတယ်” ဟုလည်း သူကဆက်ပြောပါသေးသည်။
ဖေ့စ်ဘွတ်အသုံးပြုသူအချို့ သည် မိမိ၏အသိုင်းအဝိုင်းအတွင်း မိမိကို အများကစိတ်ဝင်စားခြင်း ခံရစေရန် လိုလားလျက်ရှိကြ ကြောင်းတွေ့ရသည်။ မိမိကို အများကအစဉ်စောင့်ကြည့်စေလိုခြင်း၊ မိမိ၏အပြောအဆို၊ လုပ်ဆောင်ချက်၊ မိမိ၏ဓာတ်ပုံများအပေါ် အားပေးမှုကို လိုလားနေကြခြင်းများ ပေါ်ပေါက်နေကြကာ ယင်းစိတ်အနေအထားရှိသူဦးရေမှာလည်း နေ့စဉ်ပင် တိုးပွားလာ ကြောင်း တွေ့ ရသည်။
ဖေ့စ်ဘွတ်ပေါ်တွင် ‘ထင်ရှား ကျော်ကြားသူကလေး’တစ်ဦး ဖြစ်လိုစိတ်မှာ ဖေ့စ်ဘွတ်အသုံးပြုသူ အတော်များများတွင် ရှိနေကြကြောင်း ပညာရှင်များက ထောက်ပြကြ သည်။

လူမှုကွန်ရက်ဝက်ဘ်ဆိုက်များနှင့် မျက်နှာမခွာလိုသူများသည် မိမိ၏ အစစ်အမှန် လောကနှင့် တဖြည်းဖြည်းကင်းကွာလာကာ အထီးကျန် ဆန်သည် ထက်ဆန် လာနိုင်ကြောင်း စူဆန်ဂရင်းဖီးက ပြောသည် ယင်းမှာ ‘သူတစ်ပါးက မိမိအကြောင်းကို သိနားလည်နေခြင်း’ ပုံစံဖြင့်သာ မိမိကိုယ်မိမိ သတ်မှတ် ပြဋ္ဌာန်းလိုစိတ် ဖြစ်ပေါ်နေခြင်းကြောင့် ဖေ့စ်ဘွတ်တွင် ထင်ရှားကျော်ကြားသူတစ်ဦး ဖြစ်ရေးကို အလေးပေး ဆောင်ရွက်နေကြခြင်း ဖြစ်၏။
လူမှုကွန်ရက် ဝက်ဘ်ဆိုက်များနှင့် မျက်နှာမခွာလိုသူများသည် မိမိ၏အစစ်အမှန်လောကနှင့် တဖြည်း ဖြည်းကင်းကွာလာကာ အထီးကျန်ဆန်သည်ထက် ဆန်လာနိုင်ကြောင်း စူဆန်ဂရင်းဖီးက ပြောသည်။
”အဲဒီ လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေမှာ ပျော်မွေ့နေကြသူတွေဟာ သူတို့ရဲ့အင်တာနက်ပေါ်က ဘဝကိုတကယ့်ဘဝတစ်ခုလို့ အထင်ရောက်လာကြတယ်။ တကယ်တော့ ဒါဟာ တခြားသူတွေက သူ့ကိုအထင်နဲ့ သတ်မှတ်ပြဋ္ဌာန်း ထားတဲ့ဘဝ ဒါမှမဟုတ် မောက်စ်နဲ့ ကလစ်လုပ်ထားတဲ့ဘဝပဲ” ဟု လည်း သူက ထပ်လောင်းပြောကြားသည်။

လက်ဖြင့်​ လိင်စိတ်​ဖျော်​ဖြေမှုလွန်ကဲ၍ ဘရာဇီး​လ်ဆယ်​ကျော်သက် ​သေဆုံး​သွား

ဘရာဇီး​လ်နိုင်ငံမှ ဆယ်​ကျော်သက် လူငယ် တစ်ဦး​သည် လက်ဖြင့်​ လိင်စိတ်​ဖြေ​ဖျောက်မှု လွန်ကဲရာမှ အသက်ဆုံး​ရှုံး​သွား​ကြောင်း​ သိရသည်။
၎င်းသည် ပြီး​ခဲ့​သည့်​လက တစ်ညအတွင်း​ လိင်စိတ်​ဖြေမှု အကြိမ် ၄၀ မျှ ပြုလုပ်ခဲ့​သည်ဟု ယူဆရ​ကြောင်း​ ဆရာဝန်များ​က ခန့်​မှန်း​ခဲ့​သည်။ ရလဒ်အ​နေနှင့်​ ​နောက်တစ်​နေ့​ မနက်လင်း​ချိန်တွင် အသက် ၁၆ နှစ်အရွယ် လူငယ်၏ အ​လောင်း​ကို မိခင်ြ ဖစ်သူက အိပ်ခန်း​ထဲတွင် ရှာ​ဖွေ ​တွေ့​ရှိခဲ့​သည်။

မိခင်က သူမသည် သား​ဖြစ်သူ၏ လွန်ကဲ​သော အ​ခြေအ​နေကို သိရှိ​နေသဖြင့်​ လိင်စွဲလန်း​မှု ကုထုံး​တစ်ရပ် ခံယူနိုင်​စေရန် စီစဉ်​နေ​သော်လည်း​ ​နောက်ကျသွား​ပြီဖြစ်​ကြောင်း​ ဖွင့်​ဟခဲ့​သည်။ ထိုလူငယ်၏ အတန်း​ဖော်များ​က ၎င်းသည် လိင်စိတ်လှုံ့​ဆော်မှု ပြင်း​ပြလွန်း​ပြီး​ အမျိုး​သမီး​များ​ကို ပုံသဏ္ဍန်မ​ရွေး​၊​ အရွယ်မ​ရွေး​ ​တောင့်​တ​နေတတ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

၎င်းသည် မိမိလက်ဖြင့်​ လိင်စိတ်​ဖြေ​နေခြင်း​ကို Webcamမှတဆင့်​ ကြည့်​ရှုရန် အတန်း​ဖော်များ​ကို ဖိတ်​ခေါ်တတ်​သေး​ကြောင်း​လည်း​ သိရသည်။ ၎င်း၏ အခန်း​ထဲတွင် အပြာမဂ္ဂဇင်း​စာအုပ် အများ​အပြား​ကို ရဲများ​က ​တွေ့​ရှိခဲ့​သည်။ ထို့​အပြင် လိင်စိတ်လှုံ့​ဆော်​သော ရုပ်ပုံများ​နှင့်​ ညစ်ညမ်း​ဗီဒီယိုများ​ကိုလည်း​ ကွန်ပျူတာအတွင်း​ ​တွေ့​ရှိခဲ့​ရ​ကြောင်း​ သိရှိရသည်။

FWD Mail

အမျိုးသားကျန်းမာရေး ဆိုင်ရာ အယူအဆအလွဲ (၁၂) ချက် ( True, False )


အမျိုးသားတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ အမျိုးသားတွေ ကိုယ်တိုင် လွဲမှားလက်ခံထားတဲ့ အယူအဆအလွဲတွေ အများကြီး ရှိပါတယ်။ အဲဒီအထဲကမှ အမျိုးသားတိုင်း အမှတ်အမှားဆုံး အယူအဆ (၁၂) ချက်ကို ဆေးသိပ္ပံပညာရှင်များက စစ်တမ်းများစွာ ပြုလုပ်ပြီး တွေ့ရှိထားပါတယ်။ ဒီအယူအဆ အလွဲတွေရဲ့ လောင်းရိပ်ကနေ သင်ကော လွတ်ကင်းရဲ့လား ဆိုတာ အောက်ပါ မေးခွန်း (၁၂) ခုကို မှား/မှန် ဖြေကြည့်ရင်း ဆန်းစစ်ကြည့်နိုင်ပါတယ်။ ဆေးပညာရှင်တွေရဲ့ သိပ္ပံနည်းကျ အဖြေများကိုတော့ မေးခွန်းတွေ အဆုံးမှာ ဖော်ပြပေးထားပါတယ်။



(၁) ဦးထုပ် ပုံမှန်ဆောင်းခြင်း၊ Dryer ခေါ် ဆံပင်အခြောက်ခံစက် သုံးခြင်းသည် ဆံပင်ပါး၍ ထိပ်ပြောင်ခြင်းကို ဖြစ်စေသည်။
မှား ( ) မှန် ( )

(၂) အတွင်းခံဘောင်းဘီ စွဲစွဲမြဲမြဲ ၀တ်ခြင်းသည် ဖိုမျိုးပွားဆဲလ် ဖြစ်သော သုက်ကောင် အရေအတွက်ကို ကျဆင်းစေသည်။
မှား ( ) မှန် ( )

(၃) မုတ်ဆိတ်မွေးများသည် ရိပ်လေလေ ထူလာလေလေ ဖြစ်သည်။
မှား ( ) မှန် ( )

(၄) ဖိနပ်ဆိုက် ကြီးလေလေ (ခြေထောက် အရွယ်အစား ကြီးလေလေ) အမျိုးသားအင်္ဂါ ကြီးလေလေ ဖြစ်သည်။
မှား ( ) မှန် ( )

(၅) အမျိုးသား တစ်ယောက်၏ လိင်ပိုင်းဆိုင်ရာ စွမ်းရည်သည် အသက် ၁၈ နှစ် ပတ်ဝန်းကျင်၌ အမြင့်ဆုံး ဖြစ်သည်။
မှား ( ) မှန် ( )

(၆) အနာမခံလျှင် အသာမစံရ။ ပြင်းထန် ပင်ပန်းစွာသော ကိုယ်လက်လှုပ်ရှားမှုများမှ အကျိုးရှိသည်။
မှား ( ) မှန် ( )

(၇) အမျိုးသားများတွင် သေပျောက်မှု အများဆုံး ကင်ဆာသည် ဆီးကျိတ်ကင်ဆာ ဖြစ်သည်။
မှား ( ) မှန် ( )

(၈) အမျိုးသားများသည် ရင်သားကင်ဆာ မဖြစ်နိုင်။
မှား ( ) မှန် ( )

(၉) အမျိုးသားများသည် အရိုးပါးရောဂါ (Osteoporosis) ဖြစ်မလာနိုင်။
မှား ( ) မှန် ( )

(၁၀) အမျိုးသား လိင်အင်္ဂါသည် ကျိုးနိုင်၏။
မှား ( ) မှန် ( )

(၁၁) ဘီယာသောက်ခြင်းသည် ဘီယာဗိုက်ခေါ် ဗိုက်ပူခြင်းကို ဖြစ်စေသည်။
မှား ( ) မှန် ( )

(၁၂) မီးကင်ထားသော အစားအစာများတွင် ကင်ဆာရောဂါ ဖြစ်နိုင်စွမ်းကို တိုးမြှင့်ပေးသော အရာများ ပါဝင်နေသည်။
မှား ( ) မှန် ( )




အဖြေများ

အောက်ပါ အဖြေမှန်များနဲ့ သင့်ရဲ့ ယူဆချက်များကို တိုက်ဆိုင်စစ်ဆေးကြည့်ပါ။ မှန်နေရင် သင်သိထားတဲ့ ဗဟုသုတ၊ သင်တွေးထားတဲ့ အတွေးတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်နေလို့ ပျော်စရာ ဖြစ်သလို လွဲနေရင်လည်း အယူအဆမှားကို ပစ်ချကာ အမှန်ကို စွဲမှတ်သွားနိုင်ပါလိမ့်မယ်။




(၁) မှား

ဦးထုပ် ပုံမှန်ဆောင်းခြင်း၊ Dryer ခေါ် ဆံပင်အခြောက်ခံစက် သုံးခြင်းဟာ ဆံပင်ပါးပြီး ထိပ်ပြောင်ခြင်းကို ဖြစ်စေတယ် ဆိုတဲ့ အချက်အတွက် ခိုင်မာတဲ့ သက်သေ လုံးဝမရှိပါဘူး။ အမျိုးသားတွေ ထိပ်ပြောင်ရခြင်းဟာ ဆံပင်တွင်းပေါက်လေးများ တဖြည်းဖြည်းနဲ့ သေးငယ်လာပြီး ထွက်တဲ့ ဆံပင်တွေကလည်း လိုက်သေးကာ တိုလာပြီး နောက်ဆုံး ဆံပင် မထွက်တော့လို့ ဖြစ်ရတာ ဖြစ်ပါတယ်။ ဒါဟာ အသက်အရွယ်အရ ဖြစ်လာတဲ့ ဟော်မုန်းနဲ့ အာဟာရ ချို့တဲ့မှုတွေနဲ့သာ ဆိုင်တယ်လို့ တွေ့ရှိထားရပါတယ်။




(၂) မှား

အမျိုးသားတွေ အတွက် အချိန်ကြာမြင့်စွာ အပူချိန်မြင့်မြင့်နဲ့ တင်ပဆုံပိုင်း ထိတွေ့နေခြင်းဟာ သားသမီး ရနိုင်ရေးမှာ အရေးပါတဲ့ သုက်ကောင် အရေအတွက်ကို လျော့နည်းစေနိုင်ပေမယ့် အတွင်းခံဘောင်းဘီ စွဲစွဲမြဲမြဲ ၀တ်ဆင်ရုံနဲ့ ဒီလို ထိခိုက်မှုမျိုး မရှိနိုင်ဘူးလို့ တွေ့ရှိထားရပါတယ်။




(၃) မှား

မယုံချင်စရာ အဖြေပါပဲ။ အမွေးဆိုတာ ရိတ်လေ သန်လေ ဆိုတဲ့ ကောက်ချက်ကို ကျွန်တော်တို့ အားလုံး တူညီစွာ လက်ခံထားကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းကတော့ ဆံပင် အပါအ၀င် ခန္ဓာကိုယ်က အမွေးတွေရဲ့ အလုံးအကြီးအသေးနဲ့ အနုအကြမ်းကို သက်ဆိုင်ရာ မွေးညှင်းပေါက်တွေရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍာန်က အဆုံးအဖြတ်ပေးပါ သတဲ့။ မွေးညှင်းပေါက်ကြီးရင် ဆံလုံးကြီးမယ်၊ သေးရင် ဆံလုံး သေးမယ်၊ မွေးညှင်းပေါက်ရဲ့ ပုံစံက မညီညာရင် ထွက်တဲ့ အမွေးက ကောက်မယ်၊ ညီညာရင် ဖြောင့်စင်းမယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။ ခဏခဏ ရိတ်ပေးခြင်းဟာ မုတ်ဆိတ်မွေးတွေရဲ့ မွေးညှင်းပေါက်တွေရဲ့ အရွယ်နဲ့ ညီညာမှုအပေါ် သက်ရောက်မှု မရှိလို့ အဖြေမှားတယ်လို့ ပြောရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမွေးကို မကြာခဏဖြတ်ပေးခြင်းဟာ ရှည်ထွက်ခြင်းကို အနည်းငယ် အားပေးပေမယ့် အမွေးဆိုတာ ဆဲလ်အသေတွေ စုပေါင်းပြီး ဖြစ်လာရတာမို့ ဆဲလ်သေနှုန်း ကသာ အမွေးတွေ အရှည်မြန်ခြင်း မမြန်ခြင်းကို ပြဌာန်းတာ ဖြစ်ပါတယ်။




(၄) မှား

ဒီလို ပြုံးစရာ ကောင်းတဲ့ အယူအဆမှားဟာ လူအတော်များများမှာ ရှိနေတာ တွေ့ရပါတယ်။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၊ စိန့်မေရီ ဆေးရုံက ဆီးနဲ့ ကျောက်ကပ်ဆိုင်ရာ အထူးကုဆရာဝန် နှစ်ဦးက ဒီကိစ္စရဲ့ အဖြေကို အမျိုးသားများ အပေါ် သုတေသန မှတ်တမ်းပြုစုပြီး ရှာဖွေခဲ့ရာမှာ ဒီနှစ်ခုဟာ တိကျသော ဆက်စပ်မှု မရှိတာကို တွေ့ရှိခဲ့ရပါတယ်။




(၅) မှန်

အမျိုးသား တစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းရည်ဟာ အသက် ၁၈ နှစ် ပတ်ဝန်းကျင်မှာ အမြင့်ဆုံး ဆိုတဲ့ အချက်ဟာ တကယ်မှန်ပါတယ်။ အမျိုးသား မျိုးပွားဟော်မုန်း တက်စတိုစတီရုန်း (Testosterone) ဟာ အဲဒီအသက်လောက်မှာသာ အမြင့်ဆုံး ပမာဏကို ရောက်ရှိပြီး အသက် ၂၀ ကျော်ရင် မသိမသာ စကျပါတယ်။ တက်စတိုစတီရုန်းရဲ့ အာနိသင်ကြောင့် အဲဒီအရွယ် ကောင်လေးတွေမှာ ကောင်းတဲ့ဖက်က ကြည့်ရင် စွန့်စားလိုစိတ်၊ မကောင်းတဲ့ ဖက်က ကြည့်ရင် မိုက်ရူးရဲ ဆန်စိတ်၊ တလွဲမာနစိတ်တွေ အများဆုံး ဖြစ်နေတတ်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဟော်မုန်းသဘောအရသာ ပြောတာ ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံနဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက အသက် ၂၀ ကျော်ကနေ ၄၀ ကြား အမျိုးသားတွေလောက် မကောင်းသေးလို့ စွမ်းရည်သာ အမြင့်ဆုံး ဖြစ်ပြီး စွမ်းဆောင်မှုကတော့ အမြင့်ဆုံး ဖြစ်မလာနိုင်ပါဘူး။




(၆) မှား

ကိုယ်ခန္ဓာ ကြံ့ခိုင်မှု လေ့ကျင့်ခြင်းရဲ့ သဘောမှာ အနာခံခြင်း ဆီကနေ ဘာအသာမှ ရစရာ မရှိပါဘူးတဲ့။ နာကျင်တဲ့ ခံစားမှု ရောက်အောင်၊ ကျော်လွန်သွားအောင် လေ့ကျင့်မယ်ဆိုရင် ဒဏ်ဖြစ်ခြင်းကိုပဲ ဦးတည်ပြီး ကြံ့ခိုင်ကျန်းမာမှု အကျိုး တစ်စုံတစ်ရာ သင်မရနိုင်ပါဘူးလို့ ကာယပညာရှင်များက ဆိုပါတယ်။




(၇) မှား

လက်ရှိ ကမ္ဘာတစ်လွှား အမျိုးသားများ သေဆုံးမှု အများဆုံးကင်ဆာဟာ ဆီးကျိတ်ကင်ဆာ မဟုတ်ပါဘူး။ ဆေးလိပ်သောက်ခြင်းကြောင့် အဓိကဖြစ်ရတဲ့ အဆုတ်ကင်ဆာပဲ ဖြစ်ပါတယ်။ အမေရိကန်လို အမျိုးသမီးတွေပါ ဆေးလိပ်သောက်တဲ့ အလေ့ရှိတဲ့ နိုင်ငံမှာဆို အမျိုးသမီးတွေမှာပါ အဆုတ်ကင်ဆာဟာ အသေအပျောက်အများဆုံး ကင်ဆာတွေထဲက နံပါတ်တစ် ဖြစ်နေတာ တွေ့ရပါတယ်။ ကိုယ်တိုင်မသောက်ပေမယ့် သူများသောက်တဲ့ ဆေးလိပ်ငွေ့ ရှူမိခြင်း (Passive Smoking) ကြောင့်လည်း ပါပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပျမ်းမျှ အမျိုးသား ၃၆ ဦးမှာ တစ်ဦးသာ သေဆုံးစေတဲ့ ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေ အသက်ကို အခြိမ်းခြောက်ဆုံး ကင်ဆာရောဂါ မဟုတ်သေးဘူး ဆိုတာပါပဲ။




(၈) မှား

ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာပဲ အဖြစ်များပေမယ့် ရှားရှားပါးပါး အနေနဲ့ အမျိုးသားတွေလည်း ခံစားရနိုင်တယ် ဆိုတာ သိထားသင့်ပါတယ်။ အမျိုးသားတွေ အသက်ကြီးလာရင် အယောက် ၁၀၀၀ မှာ တစ်ယောက် ဖြစ်နိုင်တယ်လို့ စစ်တမ်းများအရ သိရပါတယ်။ မိသားစု မျိုးရိုး ထဲမှာ (အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ) ရင်သားကင်ဆာ ဖြစ်ဖူးသူ ပါခြင်း၊ မျိုးရိုးဗီဇ အရ အမျိုးသား ဖြစ်ပေမယ့် အမျိုးသမီးဟော်မုန်း အီစထရိုဂျင် (Estrogen) ပမာဏ သွေးထဲမှာ များနေခြင်း၊ နာတာရှည် အသည်းရောဂါ တစ်ခုခု ရှိခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်းနဲ့ အ၀လွန်ခြင်း စတဲ့ အချက်တွေ တစ်ချက်ချက် ရှိရင် အမျိုးသားပေမယ့် ရင်သားကင်ဆာ ဖြစ်နိုင်ပါတယ်။




(၉) မှား

အရိုးပါးရောဂါ (Osteoporosis) ဆိုတာ ခန္ဓာကိုယ်ကို ပုံဖော် ထောက်ကန် ပေးထားတဲ့ အရိုးငြမ်းအဖွဲ့အစည်းရဲ့ အရိုးတွေ ကျစ်လျစ်သိပ်သည်းမှု အားနည်းလာပြီး တော်ရုံတန်ရုံ ထိခိုက်မှုမျိုးနဲ့ ကျိုးလွယ်တဲ့ အနေအထား ရှိနေခြင်းကို ခေါ်တာဖြစ်ပါတယ်။ အဖြစ်အများဆုံး အကြောင်းရင်းကတော့ နေ့စဉ်စားတဲ့ အစားအသောက်ထဲမှာ ခန္ဓာကိုယ်က လိုအပ်တဲ့ ကယ်လ်စီယမ်နဲ့ အခြား သတ္တုဓာတ်များ၊ ဗိုက်တာမင် D စတဲ့ အရိုးအတွက် အဓိက လိုအပ်တဲ့ အာဟာရတွေ ချို့တဲ့လို့ပဲ ဖြစ်ပါတယ်။

အမျိုးသမီးတွေအတွက် အရိုးရဲ့ ကြံ့ခိုင်မှုကို ထိန်းသိမ်းပေးထားတာဟာ မဟော်မုန်း အီစထရိုဂျင် ဖြစ်ပါတယ်။ သွေးဆုံးချိန် ဒီဟော်မုန်းရဲ့ သွေးတွင်းပမာဏ ကျဆင်းသွားခြင်းဟာ အမျိုးသားတွေ အသက်ကြီးချိန် တက်စတိုစတီရုန်း ကျလာတာထက် အများကြီး ပြင်းထန်လို့ အမျိုးသမီးတွေက အမျိုးသားတွေထက် အရိုးပါးခြင်း၊ ပွခြင်း ပိုဖြစ်ပေမယ့် အမျိုးသားတွေက လုံးဝမဖြစ်နိုင်ဘူးလို့ မဆိုလိုပါ။ သွေးဆုံးခြင်း မကြုံရသလို အရိုးတွေရဲ့ အရွယ်အစား ပိုကြီးတာမို့ အရိုးပါးဝေဒနာကို အမျိုးသားတွေက အမျိုးသမီးတွေလောက် မခံစားရပေမယ့် ပုံမှန်ထက် တက်စတိုစတီရုန်း ပမာဏ နည်းသူတွေ၊ အရက်သောက်သူတွေ၊ ဆေးလိပ်သောက်သူတွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါ တစ်ခုခု ရှိနေလို့ အာာရ စုပ်ယူမှု မကောင်းသူတွေ၊ ရောဂါတစ်ခုခု ရှိလို့ စတီးရွိုက်ဆေးတွေ စွဲသောက်နေရသူတွေ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းမှု တစ်ခုခု ရှိလို့ လှုပ်ရှားသွားလာခြင်း မပြုနိုင်သူတွေဟာ အရိုးပါးရောဂါ ခံစားရဖို့ အထူးနီးစပ်ပါတယ်။




(၁၀) မှန်

အမျိုးသား အင်္ဂါ အတွင်းမှာ အရိုးမပါပေမယ့် လိင်စိတ် နိုးကြွမှု ရှိချိန်မှာ အင်္ဂါ မာတောင့်အောင် ဆွဲဆန့်ပေးရတဲ့ tunica albuginea လို့ ခေါ်တဲ့ အမျှင်တစ်သျှူးအလွှာ ပြဲသွားရင် ကျိုးသလိုဖြစ်သွားစေပါတယ်။ ဒါကို လိင်တံကျိုးခြင်း (penile fracture) လို့ ခေါ်ပါတယ်။ မတော်တဆ ထိခိုက်မိခြင်း (သို့) အင်္ဂါကိုလှန်ချိုးသလို ဖြစ်သွားစေတဲ့ လိင်ဆက်ဆံမှုမျိုးကြောင့် ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ခွဲစိတ်ကုသမှု ခံယူရပါတယ်။ ဖြစ်တောင့် ဖြစ်ခဲ ကိစ္စမျိုးမို့ သိပ်တော့ ကြောက်စရာ မလိုပါဘူး။




(၁၁) မှန်

ပိုလျှံလာတဲ့ ကယ်လိုရီတွေဟာ အဆီတွေ အဖြစ် ၀မ်းဗိုက်မှာ စုမှာမို့ ဘီယာသောက်ရင် ဘီယာဗိုက် ဖြစ်လာမယ် ဆိုတာ အမှန်တရားပါပဲ။ ဘီယာနဲ့ အရက်တွေဟာ ကယ်လိုရီ မြင့်မားလို့ အလွန်အကျွံ သောက်ရင် ကိုယ်မှာ အဆီတွေ များလာစေသလို သောက်တဲ့ အချိန်မှာ အစားအသောက်တွေ မဆင်မခြင် စားဖြစ်တဲ့ အတွက်လည်း ဗိုက်ရွှဲ လာနိုင်ပါတယ်။ ဘီယာထဲမှာ တဆေးခေါ် yeast ပါဝင်ပြီး ၄င်းဟာ အူနဲ့ ၀မ်းတွင်းကလီစာတွေကို ကြီးလာစေတဲ့ အစွမ်း အနည်းငယ် ရှိလို့ ဘီယာ ရေရှည် သောက်သူ တစ်ယောက်ဟာ အားကစားသမား ဖြစ်လို့ ဗိုက်အဆီ မများရင်တောင် ဗိုက်ကတော့ ပူလာမှာပဲ ဖြစ်ပါတယ်။


(၁၂) မှန်

အသားကင် မျိုးစုံကို အမျိုးသားတိုင်းလိုလို ကြိုက်နှစ်သက်ကြပါတယ်။ အသားကင် တိုင်းမှာ ကင်ဆာရောဂါ ဖြစ်စေတဲ့ ဒြပ်ပေါင်း အမျိုးအစား နှစ်မျိုး တွေ့နိုင်တာမို့ သတိပြု စရာပါပဲ။ တစ်ခုက PAHs လို့ အတိုကောက် ခေါ်တဲ့ Polycyclic Aromatic Hydrocarbons အမျိုးအစား ဓာတုဒြပ်ပေါင်းတွေ ဖြစ်ပြီး နောက်တစ်မျိုးကတော့ HCAs လို့ အတိုကောက် ခေါ်တဲ့ Heterocyclic Amines တွေ ဖြစ်ပါတယ်။ အသားတွေထဲက အဆီတွေ၊ အရည်တွေ မီးထဲကျသွားရင် ဖြစ်ပေါ်လာတဲ့ မီးတောက်နဲ့ မီးခိုးငွေ့တွေမှာ PAHs တွေ ပါလာစေပြီး အသားရဲ့ မျက်နှာပြင်ပေါ်မှာ ကပ်ငြိသွားစေပါတယ်။ အသားတွေမှာ အဓိက ဖွဲ့စည်းမှု ပစ္စည်းဖြစ်တဲ့ အမိုင်နိုအက်ဆစ်တွေ၊ အပေါ်က လိမ်းကျန်ထားတဲ့ ကစီဓာတ်ပါတဲ့ အရည်တွေ၊ အသားထဲက Creatine ဆိုတဲ့ ပစ္စည်းတစ်မျိုးရယ်၊ မီးတောက်ရဲ့ မြင့်မားတဲ့ အပူချိန်ရယ် အားလုံး ပေါင်းစပ်ပြီး HCAs တွေ ဖြစ်လာစေပါတယ်။ ဒီဒြပ်ပေါင်းများဟာ အစာရေမျို၊ အစာအိမ်၊ အူမကြီး စတဲ့ အစာလမ်းကြောင်း တောက်လျောက်မှာ ကင်ဆာ ဖြစ်စေဖို့ အထူးအားပေးပါတယ်။ အကင်ကို တို့စားတဲ့ ဆော့စ်ထဲမှာ ဆိုးဆေးတွေပါ ပါလို့ကတော့ ကင်ဆာဖြစ်ဖို့ အဆင်းဘီးတပ်ပေးသလို ပါပဲ။ ဒီနေရာမှာ တစ်ခု ပြောလိုတာက အသားကင်တွေဟာ အဆိုးဆုံးဖြစ်သလို အသီးအရွက်ကင်တွေဟာလည်း အန္တရာယ် အနည်းငယ်စီ ရှိကြတယ် ဆိုတာပါပဲ။




ဒါကြောင့် အကင်မျိုးစုံ စားကြရင် ကင်ဆာအန္တရာယ်ကို အတိုင်းအတာ တစ်ခု အထိ လျှော့ချနိုင်တဲ့ နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။ အကောင်းဆုံး နည်းတစ်ခုက သတ္တုအပါးပြား တစ်ခုခုကို ကင်မယ့်အသား လုံအောင် ထုတ်ပြီး ကင်တာ ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေမှာ ခေါ်နေကြတဲ့ ခဲပတ် ဆိုတာကို ပြောတာ ဖြစ်ပါတယ်။ ဒါမျိုးသုံးရင် PAHs တွေ ဖြစ်ပေါ်ခြင်းကို အတော်လေး တားနိုင်တယ်လို့ သိရပါတယ်။ ကြိုချက်ပြုတ်ပြီးသား အသားတွေကို ကင်တာဟာလည်း ကင်တဲ့ အချိန် တိုသွားစေလို့ ကင်ဆာဖြစ်နိုင်စွမ်း လျှော့ချနိုင်ပါတယ်။ HCAs ဒြပ်ပေါင်းတွေဟာ တူးပြီး မီးခိုးရိုက်တဲ့ နေရာတွေ၊ အကျက်လွန်တဲ့ နေရာတွေမှာ အများဆုံး တည်ရှိနေလို့ ဒီလို နေရာတွေကို ဖယ်စားရင် သင့်ကျန်းမာရေးကို ဂရုစိုက်ရာ ရောက်စေပါတယ်။

အသားတွေ မချက်ခင် အထူးသဖြင့် မကင်ခင်မှာ ဆီနဲ့ အရသာ အမွှေးနံ့ ပေးတဲ့ ဖြည့်စွက်ပစ္စည်းတွေပါတဲ့ marinade ခေါ် အရောအနှော အရည်နဲ့ အချိန်အကြာကြီး နှပ်ထားခြင်းဟာလည်း ကင်ဆာဒြပ်ပေါင်းတွေ ဖြစ်ပေါ်ခြင်းကို အတိုင်းအတာ တစ်ခုအထိ ဟန့်တားနိုင်တယ်လို့ အာဟာရ ပညာရှင်များက ဆိုပါတယ်။ တော်ရိလျော်ရိ ဆီ၊ဆား၊ အချိုမှုန့်လောက်နဲ့ နှပ်တာ မဟုတ်ဘဲ ၀ိုင်၊ ရှာလကာရည်၊ မဆလာ၊ ဒိန်ချဉ်ရေကြည်၊ အချို့သော အပင်ထွက် ပစ္စည်းတွေ (ဥပမာ ခရမ်းချဉ်သီးဆော့စ်၊ သံပုရာရည်) စသဖြင့် နေရာဒေသ လူမျိုးအသီးသီးအလိုက် သုံးကြတဲ့ အာဟာရ တန်ဖိုးမြင့် marinade တွေနဲ့ နှပ်ပြီးမှ ကင်စားနိုင်ရင် အသင့်တော်ဆုံးပါပဲ။

အဆမတန်ကြီးနေသော ဒုက္ခတဲ့



ဒါဟာ ရယ်စရာကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။
အမေရိကန်ပြည်ထောင်စု လာစ်ဗေးဂတ်စ်မြို့ (Las Vegas)နေ အသက် ၄၇ နှစ်အရွယ် အမျိုးသားရဲ့ အဆမတန်ကြီးမား ထွားကြိုင်းလာခဲ့တဲ့ ဝှေးစေ့ ကို ခွဲစိပ်ဖို့ သူ့မှာ ဒေါ်လာ တသန်းလောက် လိုအပ်နေပါတယ်။ သူရဲ့  ဝှေးစေ့ဟာ ၄၅ ကီလိုဂရမ်တောင် လေးပါသတဲ့။အဲလောက်  အင်မတန်ကြီးသွားတဲ့ အတွက် သူက သမားရိုးကျ ဂျင်းဘောင်းဘီတွေလည်းဝတ်လို့မရ၊လမ်းလျှောက် တဲ့ အခါမှာလည်း ဒုက္ခ၊ အိမ်သာ တက်တဲ့ အခါမှာလည်း ဒုက္ခ၊ ဒုက္ခမျိုးစုံ ကြုံနေ ရကြောင်း Las Vegas Review-Journal ကို ဖွင့်ဟ ထား ပါတယ်။"ဒီဒုက္ခကြီးကြောင့် အခန်း ထဲမှာပဲ နေခဲ့ ရပါတယ်၊ ထသွား ထလာ လုပ်ရတာလည်း မလွယ် ကူပါဘူး၊သူများတွေလို ရည်းစားတွေ ထားချင်ပါတယ်" လို့သူက ပြောပါတယ်။

အဆမတန်ကြီးတဲ့ သူ့ ဒုက္ခကြီးကို ခွဲစိတ်ကုသဖို့ အလှူခံနေပါတယ်။

Source: Las Vegas Review Journal

Images: Wesley Warren Jr


ဧရာဝတီဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။

ဧရာမမြွေကြီးတစ်ကောင် သတ်ဖြတ်ပြီးနောက် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်း


ကချင်ပြည်နယ် မလိ-အင်မိုင်ဇွပ် (မြစ်ဆုံ) စီမံကိန်း တွင် ဧရာမမြွေကြီး တစ်ကောင်အား တရုတ်အလုပ် သမားများ သတ်ဖြတ် ခဲ့ပြီးနောက် မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်၏ မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းရန် သတင်း ထွက်ပေါ်လာသည်။
၄၈ ပေခွဲ ရှည်ပြီး ၅ ပေ လုံးပတ် ရှိသည့် မြွေကြီးအားစီမံကိန်း ဧရိယာထဲ ဂျွမ်ဘွမ်တောင် (Jum Bum)တွင် လမ်းဖောက် လုပ်နေသော တရုတ်အလုပ်သမားများ မြေအောက်တွင်း တစ်ခုမှာတွေ့ရှိပြီး စက်တင်ဘာ ၂၂ ရက်နေ့က သတ်ဖြတ်ခဲ့သည်ဟု မျက်မြင်များ ပြောသည်။
တရုတ်အစိုးရပိုင် China Power Investment Corporation (CPI) ကုမ္ပဏီ အလုပ်သမားများက ၎င်းမြွေကြီး၏ ဦးခေါင်းကို မြေတူးစက်(backhoe) ကော်ဖြင့် ထိုးသတ် လိုက်ခြင်း ဖြစ်သည်ဟု မျက်မြင် များပြောပါသည်။
CPI အလုပ်သမားများက ၎င်းမြွေကြီး အသေကောင်ကိုလည်း တရုတ်နိုင်ငံသို့ ယူဆောင် သွားကြောင်း ဒေသခံများ ပြောသည်။
ဧရာဝတီမြစ် မလိ-အင်မိုင်ဇွပ် (မြစ်ဆုံ) စီမံကိန်းမှာ ယခုကဲ့သို့ ဧရာမ မြွေကြီး သတ်ဖြတ်ခြင်း ဖြစ်ရပ်သည် “ရေကာတာစီမံကိန်း၏ မကောင်းသော နိမိတ်လက္ခဏာ တစ်ခုအဖြစ်” ဒေသခံ ကချင်များ ရှုမြင်ကြသည်ဟု သိရသည်။
မြွေကြီးသတ်ဖြတ်ခံရပြီး (၈) ရက်အကြာ စက်တင်ဘာ (၃၀) တွင် “ပြည်သူအများစု အပြင်းအထန် ကန့်ကွက်နေသည့် ဧရာဝတီ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းအား ၎င်းတို့ အစိုးရ လက်ထက်တွင် ရပ်ဆိုင်း ထားရန်” လွှတ်တော်သို့ သမ္မတ ဦးသိန်းစိန်ပြောဆိုလာသည်။

အိမ်မြှောင်လေး တစ်ကောင်တောင်မှ လုပ်နိုင်ရင် ဒို့တွေ ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ..............

ဒီပုံပြင်လေးကတော့ ဂျပန်မှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။
ဂျပန်မှာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးစာ အိမ်အဟောင်းကို ပြုပြင်ဖို့ နံရံကို
ချိုးဖျက်ခဲ့တယ်။ ဂျပန်အိမ်တွေမှာ သစ်သားနံရံတွေကြား
အခေါင်းပေါက်နေရာလပ်တစ်ခုရှိတယ်
သူဟာနံရံကိုဖြိုချတဲ့အခါ ညပ်နေတဲ့ အိမ်မြှောင်တစ်ကောင်ကို မြင်ခဲ့တယ်။
အပြင်က သံတစ်ချောင်းက အဲဒီအိမ်မြှောင်ရဲ့ ခြေတစ်ဖက်ကို ဖောက်ရိုက်ထားတာ
သူတွေ့ခဲ့တယ်။ သူဟာ အိမ်မြှောင်လေးအပေါ်သနားစိတ်ဝင်
ခဲ့တယ် ။ တစ်ချိန်ထဲမှာလည်း ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို သိချင်လို့
သံချောင်းလေးကိုစစ်ဆေးလိုက်တဲ့
အခါ သံချောင်းလေးရဲ့သက်တမ်းဟာ ပထမဆုံး
အိမ်ဆောက်တဲ့ အချိန်နဲ့တွက်ကြည့်ရင် ( ၁၀ ) နှစ်လောက်ရှိနေတာကို
တွေ့ရှိခဲ့ရတယ်။
ဘယ်လိုဖြစ်ရတာလဲ......။
အိမ်မျြောင်လေးဟာ တစ်နေရာထဲမှာပဲ ( ၁၀ ) နှစ်ကြာကြာ
အသက်ရှင်ခဲ့တယ်။ မှောင်ပြီး ခွဲကန့်ထားတဲ့နံရံမှာ ( ၁၀ )
နှစ်ကြာကြာမရွေ့လျားဘဲ ရှိနေတဲ့အတွက် သူဟာ စိတ်ထဲမှာ မဖြစ်နိုင်သလို
ခံစားရပြီး အံ့သြသင့်မှုတွေနဲ့ တုန်လှုပ်သွားခဲ့တယ်။ ပြီးတော့ ခြေထောက်မှာ
သံရိုက်ခံရလို့ ခြေလှမ်းတစ်လှမ်းမှ မရွေ့လျားဘဲ ( ၁၀ ) နှစ်ကြာကြာ
အသက်ရှင်နေတဲ့ ဒီအိမ်မြှောင်ကို သူအရမ်းအရမ်းအံ့သြမိတယ်။ ဒါကြောင့်
သူ့အလုပ်ကိုရပ်ပြီး အိမ်မြှောင်ကလေး ဘာတွေလုပ်ပြီး ဘယ်လိုစားခဲ့လဲဆိုတာ့
လေ့လာကြည့်ခဲ့တယ်။
ဒီလိုနဲ့ သူ့စိတ်ထဲဖြစ်နေတဲ့ ခံစားချက်အတွက်
အဖြေဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒါတော့ အခြား အိမ်မြှောင်လေးတစ်ကောင်က
အစာတွေကို ပါးစပ်ထဲမှာ ထည့်ပြီး ဒုက္ခိတအိမ်မြှောင်လေးကို
လာကျွေးနေလို့ပါပဲ။ အဲဒီမြင်ကွင်းကို သူမြင်ရတဲ့အခါ
အသက်ရှူမှားလောက်အောင် ဖြစ်ပြီး အ၇မ်းခံစားခဲ့ရတယ်။
( ၁၀ ) နှစ်ကြာကြာ မမောမပန်း ၊မျှော်လင့်ချက်မစွန့်ဘဲ အဖော်
အိမ်မြှောင်လေးကို ပြုစုခဲ့တဲ့ အိမ်မြှောင်လေးကို စဉ်းစားကြည့်ပါ။
မင်းလည်း မင်းရဲ့အဖော် ( သူငယ်ချင်း ၊ မိဘ ၊ မောင်နှမ ၊ ဆွေမျိုး ၊
အတူလက်တွဲလုပ်ဆောင်ရတဲ့သူ ) တွေအပေါ်မှာ အိမ်မြှောင်လေးလို
ပြုစုပေးမှာလား......။
အထူးသဖြင့် ( ၉ ) လတိုင်တိုင်ကြီးမားတဲ့ ၀န်ထုပ်ကို လွယ်ပြီး
မင်းကိုလူဖြစ်အောင် ဒီလောကထဲယူဆောင်ပေးခဲ့တဲ့ မင်းရဲ့အမေကို
ဒီလိုပြုစုပေးမှာလား..............။

သေးငယ်တဲ့တိရစ္ဆာန်လေးတောင်မှ ဒုက္ခရောက်နေတဲ့ အဖော်ကို
ဒီလိုပြုစုတတ်ရင်.....အရမ်းထက်မြက် ကျွမ်းကျင်ပြီး ပါရမီတွေထူးတဲ့
လူသားတွေအနေနဲ့ ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ..........။

ကျေးဇူးပြုပြီး မင်းချစ်ရတဲ့သူတွေကို ဘယ်တော့မှ
စွန့်ပစ်မထားပါနဲ့။ မင်းရဲ့အကူအညီကို အမှန်တကယ်လိုလားနေတဲ့သူကို
....အလုပ်များတယ်.....လို့မပြောပါနဲ့။

နှလုံးသားကို အသုံးပြုပြီး အသက်ရှင်ပါ။ ဦးနှောက်ကို
အသုံးပြုပြီး အသက်ဆက်ပါ။ ဒါဆိုရင် မင်းရဲ့ဘ၀ဟာ ကောင်းကင်သုခ
ဖြစ်လာပါလိမ့်မယ်။

အရာအားလုံးအဆင်ပြေချောမွေ့ ပါစေ ...............

FWD Mails, Thanks.





အဝတ်အစား​များ​ချွတ်ပြပြီး​ မဲဆွယ်သည့်​ ပိုလန်အမျိုး​သမီး​ လွှတ်​တော်အမတ်

အဝတ်အစား​များ​ချွတ်ပြပြီး​ မဲဆွယ်သည့်​ ပိုလန်အမျိုး​သမီး​ လွှတ်​တော်အမတ် © dailymail
နိုင်ငံ​ရေး​တွင် မဲဆွယ်မှု အမျိုး​မျိုး​ ရှိနိုင်ပြီး​ စိတ်ဝင်စား​စရာ နည်း​လမ်း​မျိုး​စုံကို အသုံး​ပြု​လေ့​ ရှိသည်မှာ အဆန်း​တကျယ် မဟုတ်​ချေ။

သို့​​သော်လည်း​ ပိုလန်နိုင်ငံမှ အမျိုး​သမီး​ လွှတ်​တော်အမတ် ကိုယ်စား​လှယ်​လောင်း​ တစ်ဦး​၏ မဲဆွယ်ပုံက မျက်လုံး​ပြူး​​လောက်စရာ ဖြစ်​နေ​လေသည်။ အသက် ၂၃ နှစ်ရှိ ကက်တာဇီနာ လီနက်သည် သူမ၏ မဲဆန္ဒရှင် အမျိုး​သား​များ​ အကြိုက်​တွေ့​မည့်​ မဲဆွယ်မှု တစ်ခုကို ပြုလုပ်လိုက်​လေသည်။

လီနက်သည် မဲဆွယ်သည့်​ DVDအတွင်း​ အဝတ်အစား​များ​ကို ချွတ်ပြခဲ့​သည်။ ယင်း​သည် မဲဆန္ဒရှင်များ​ကို ဆွဲ​ဆောင်နိုင်မည့်​ အ​ကောင်း​ဆုံး​ နည်း​လမ်း​ ဟုတ်မဟုတ် မ​သေချာ​သော်လည်း​ လီနက်က အလုပ်ဖြစ်မည်ဟု ယုံကြည်​နေသည်။ “ကျွန်မရဲ့​ ပစ်မှတ်က လူငယ်ပိုင်း​ကိုပါ။ လူငယ်​တွေ စိတ်ဝင်စား​မယ့်​ အ​တွေး​အ​ခေါ်မျိုး​ကို ကျွန်မ လုပ်ခဲ့​တာပါ”ဟု လီနက်ကဆိုသည်။



သူမသည် ဗီဒီယိုအတွင်း​ ပန်း​​ရောင် ဘရာစီယာကို ချွတ်ပစ်လိုက်ပြီး​​နောက် အ​ပေါ်ပိုင်း​ ရင်သား​များ​ကို Censored ဆို​သော စကား​လုံး​များ​ဖြင့်​ ကာကွယ်ထား​​လေသည်။ အဲ့ဒီနောက် "ထပ်လိုချင်သေးလား၊ SLD  ကို မဲ ပေးလိုက်ပါ။" ဆိုပြီး စာတန်းထွက်လာပါတယ်။။ SLD မှ ​ပြော​ရေး​ဆိုခွင့်​ရ အရာရှိတစ်ဦး​က ထိုသို့​​သော မဲဆွယ်မှုမျိုး​သည် လက်ဝဲယိမ်း​ ပါတီများ​တွင် ရှိမည် မထင်​ကြောင်း​ မှတ်ချက်ပြုသွား​သည်။

FWD Mail , Thanks

ကလေး ခေါင်းဆောင်

ဒီဗီဒီယိုကလစ် ကလေးကတော့ ပညာပေးလေးပါပဲ။ အသိစိတ်ရှိတဲလူကတော့ ခေါင်းဆောင် ဖြစ်မှာပါပဲ။ အဆင်မပြေမှူတခုအတွက် အခြားသူတွေကို အပြစ်ရှာ၊ complain  တက်နေမဲအစား ကိုယ့်ရဲ အခက်အခဲကို ကိုယ်တိုင်ရှင်းလိုက်ပေါ့။ ဒီ ဗီဒီယို ထဲက ကလေးက အဲလိုအသိစိတ်ရှိတယ်ဗျ။ အဲ့ဒီတော့ သူက လူတွေရဲ ခေါင်းဆောင်ပါပဲ။

မောင်းမ လက်သုံးပုံ ( သီပေါမင်း ၏ ကိုယ်လုပ်တော် စာရင်း)

 သီပေါမင်း-စုဖုရားလတ်နှင့်စုဖုရားလေး
ဟိုတလောလေးက သတင်းကြီးနေတဲ့ " ဆောင်ကြာမြိုင် မှတ်တမ်း " ဖတ်ဖြစ်တယ်။ မင်းတုန်းမင်းနောက်ခံ မှတ်တမ်းလို့ ထင်နေခဲ့တာ။ ခေါင်းစဉ်မှာကိုက ' မှတ်တမ်း ' ဆိုတဲ့ အရေးသားနဲ့ဆိုတော့ တကယ်ပဲ မှတ်သားရတော့မယ်ထင်ခဲ့တာ။ ဖတ်ကြည့်တော့မှ မောင်မှိုင်း ဖြစ်နေတယ်။

ပေါက်ကရလေးဆယ်တော့ရေးရဲ့ တကယ်တန်ဖိုးရှိတဲ့မှတ်တမ်းမှတ်ရာမျိုးတော့ မဟုတ်ခဲ့။ စာရေးဆရာ လိုရာဇာတ်လမ်းဆင်တဲ့နောက် အဟုတ်ကြီးလိုက်ခဲ့ပြီး အဖျားရှူးပြန်တယ်။ ရှင်းရှင်းပြောတော့ ဝတ္ထုအနေနှင့်လည်း အံမဝင်၊ မှတ်တမ်းလည်းမဟုတ်တဲ့ တကယ့် အပ်ကြောင်းထပ် ကာမခန်းတွေချည်းရေးထားတဲ့ အပြာစာအုပ်လို့သာမှတ်တယ်။

မင်းတုန်းမင်း မိဘုရားများတာလူတိုင်းသိတယ်။ ရှင်းရှင်းပြောတော့ နန်းတော်ထဲက အမျိုးသမီးတွေအားလုံးသူ့မယားချည်းလို့ ပြောလို့ရတယ်။ ဒီတော့ နန်းတော်ထဲက အမျိုးသမီးတွေဟာ အရေးဟဲ့အကြောင်းဟဲ့ဆို သက်လုံးကောင်းဖို့ဆိုတာထက် အရှင့်အလိုကောင်းဖို့ လေ့ကျင့်သင်ကြားရဟန်တူပါတယ်။ ဒီတော့ လက်သုံးပုံကျမ်းအဖြစ် မှတ်တမ်းလုပ်ပြီးသင်ကြားပေးရပါတယ်။

အဲဒီ ကျမ်းကို " မောင်းမ လက်သုံးပုံ " လို့ ခေါ်ပါသတဲ့။ ဒေါက်သာသန်းထွန်း နယ်လှည့်ရာဇဝင် စာ၂၈၄ မယ်ပြောထားတာက မင်းတုန်းမင်းကြီးရဲ့ မိဘုရားတစ်ပါးမှာ ပုရပိုဒ်တစ်ခုရှိတယ်။ လူယောက်ျား လူမိန်းမ နှစ်ယောက်တွဲသံ ဝါသပြုနေတဲ့ ပုံနှစ်ဆယ့်လေးပုံပါသတဲ့။ အသက်ကြီးလာတဲ့ မိဘုရားကြီးက မီးရှို့ဖျက်ဆီးခိုင်း လို့ အခိုင်းခံရတဲ့လူက တိတ်တဆိတ် ဓာတ်ပုံရိုက်ယူထားလို့ ပုံမှတ်တမ်းကျန်ရစ်ပါတယ်တဲ့။ အဲဒီဓာတ်ပုံကိုတော့ မြင်ဖူးချင်ပါရဲ့။ ဘယ်မိဖုရားဖြစ်တယ်ဆိုတာ နာမည်တပ်ပြီးမပြောခဲ့ပေမယ့် ထားဝယ်မှာနေသွားတဲ့ နာမည်ကြီးမင်းတုန်းမင်းရဲ့ မိဘုရားကြီးများဖြစ်မလားလို့ ခန့်မှန်းပါရဲ့။

ရှေးကမြန်မာ အမျိုးသမီးတစ်ယောက်မှာ နန်းတွင်းဝင်ပြီဆိုတာနဲ့ သင်ကြားရတဲ့ နန်းမူနန်းရာတွေထဲမှာ " လိင်မှုဆိုင်ရာပညာရပ် ' ဟာလည်းဘဲ မသင်မဖြစ်သင်ကြားရတဲ့ ပညာရပ်တစ်ခု။ ရှေးတရုတ်မှတ်တမ်းတွေမှာတော့ အတိအလင်း မှတ်တမ်းတွေကျန်ရစ်တယ်။ အိန္ဒိယ မှတ်တမ်း ပုရပိုဒ်တွေ ဆေးရေးတွေမှာလည်း မှတ်မှတ်သားသားကျန်ရစ်တယ်။ တိဘက်ဘက်က ရှေးလက်ရာတွေမှာလည်းကျန်ရစ်တယ်။ အထူးချဖြင့် ပုရပိုဒ်တွေမှာကျမ်းတစ်ဆောင်အဖြစ်နဲ့ ကျန်ရစ်တယ်။ အမှန်တော့ ဒီလို နန်းဓလေ့ထဲ လိင်မှုဆိုင်ရာတွေကို တီးတိုးသဖန်းပိုး လို့တမျိုး အတိလင်းတစ်သွယ်သင်ကြားပေးရတာဟာ အရှေ့ အနောက် ကမ္ဘာ ဘယ်နေရာမှာဖြစ်ဖြစ် ရှေးသက်ဦးဆံပိုင် ဘုရင်စနစ်ရှိခဲ့တဲ့ တိုင်းနိုင်ငံတွေမှာ လုပ်မြဲထုံးစံသာဖြစ်တယ်။ ဘာသာတရားနဲ့မဆိုင်ပါ။

မင်းတုန်းမင်းပြီးတော့ သီပေါမင်းလက်ထက် လှမ်းကြည့်ရအောင်ပါ။ ညီအမတွေကို မယား/မိဖုရားလုပ်တာလူတိုင်းသိတယ်။ စုဖုရားလတ် ချုပ်ချယ်လို့ သိပ်မရှုပ်နိုင်ရှာဘူးရယ်လို့ လူတိုင်းသိထားကြတယ်။ ဒိုင်းခင်ခင်ကတော့ ဇာတ်လမ်းတစ်ပုဒ်အဖြစ်ကျန်ကျစ်တယ်။ စုဖုရားလတ် ဝေဖန်ရေးတွေထဲမှာ ဆရာကြီးမြသန်းတင့်ရဲ့ ဝေဖန်ရေးမှာတော့ စုဖုရားလတ် သီပေါနဲ့ပေါင်းဖက်တော့ ဆယ်ကျော်သက်။ ပါတော်မူတော့ ၂၀ စွန်းစွန်းရယ်။

ဒီတော့ ဒီအသက်ရွယ် ဘုရင့်မိဘုရားတစ်ပါးဆီ ဒီလိုအပြုမူတွေရှိတယ်ဆိုသာ သာမန်မိန်းမသားတွေလို ပြုမူတာဘဲဆိုပြီး ဖေးဖေးမမပြောသွားခဲ့တယ်။ လူတချို့ကတော့ စုဖုရားလတ်ဟာ တစ်လင်တစ်မယား စနစ်ကိုတည်ထောင်ဖို့ ကြိုးစားခဲ့တဲ့ နေဝင်ချိန်မိဖုရားတစ်ပါးအဖြစ် ခေါ်ဆိုတတ်ပါသေးတယ်။ ထားပါတော့။

သီပေါမင်းခေတ် ဝက်မစွတ်ဝန်ထောက် သိမ်းထားတဲ့ ပုရပိုဒ်တွေထဲမှာ ဘုရင်အလိုရှိတိုင်း ကာမဂုံဖြည့်ပေးရတဲ့ အမျိုးသမီးစာရင်း ကျန်ရစ်တယ်။ အဲဒီစာရင်းကို ပြုစုပေးရတဲ့သူက ရေနံသာစားဖြစ်တယ်။ ရှင်းရှင်းပြောတော့ ဘုရင်လုပ်သူက အဟမ်း အဟမ်း ဆိုရင် ရေနံသာစားက စားရင်းထဲကအတိုင်း နီးစပ်ရာ အမျိုးသမီးပြေးခေါ်ပေးရဟန်တူပါတယ်။ စာရင်းကို ကြည့်ရအောင်ပါ။

" ကာမဂုံ အခွင့်ရလျှင် အခါမရွေး ( x ) လိုကြောင်း ရေနံသာ ရေတွက်သည့်စာရင်း "

သမီးပျို စာရင်းဖြစ်ပြီး စုစုပေါင်း ၁၆ ယောက်။
၁။ အစ်မတော်ဘုရား ( ချွန်းတောင်း / မိုင်းခိုင်မင်းသမီး )
၂။ ပြင်စည်မင်းသမီး (မကွေး မိဖုရားသမီး )
၃။ မိုးမိတ်မင်းသမီး (စာပွဲတောင်းမိဖုရားသမီး )
၎။ လှိုင်ကျွန်းသမီးကြီး (တောင်တွင်း/မင်းကတော်သမီး)
၅။ ငန်စွန် (မိဖုရား)သမီး ထရန်ကာ (မင်းသမီး)
၆။ ကြေးမြှင့် မိဖုရား
၇။ ပင်းအတွင်းဝန် သမီး
၈။ မိုင်ခိုင် ( မြို့စားခင်မမင်းဝန်) မင်းသမီးအကြီး
၉။ မိုင်ခိုင် ( မြို့စားခင်မမင်းဝန်) မင်းသမီးအငယ်
၁၀။ ညောင်ဝန် သမီး
၁၁။ ဥယာဉ်အုပ် သမီး
၁၂။ တရားမ အရေးပိုင်သမီး
၁၃။ စာရေးကြီး ငအုံ သမီးအကြီး
၁၄။ ကုလားဝန် သမီးအကြီး
၁၅။ သီပေါဝန် သမီး
၁၆။ ပင်သာ သမီး

သူတပါး မယား တွေလည်းပါတယ်။ စာရင်းကြည့်ပါ
၁။ တောင်ခွင်မင်းကြီး ကတော်
၂။ ပင်သာ (မင်းသား) မယား
၃။ စာရေးကြီး ဦးဘိုးရှုတ် မယား
၎။ ရေနံချောင်းမင်းကြီး မယား သီလ
၅။ အမြောံဝန် မယား
၆။ ကွပ်ရွာဝန်ထောံ မယား
၇။ ခန်ပတ်ဝန်ကြီး မယား
၈။ ရှေ့ဝင်းမှူး မယား
စုစုပေါင်း သူတပါး မယား ၈ ယောက်ရှိတယ်။

သူတပါး တူမ နှင့် အခြား သမီးလား မယားလားမသိတဲ့ စာရင်းက
၁။ ပင်းကလဲဝန်ထောံ တူမ
၂။ ကုလားမ ဘီဘီ
၃။ ပြင်စည်
၎။ ကျောံပန်းတောင်း
စုစုပေါင်း ၄ ယောက်။ သီပေါမင်းခေတ်မှာ အဖြူမ ကိုယ်လုပ်တော်တွေလည်းရှိတယ်။ သူတို့တွေဟာ သက်ဆိုင်ရာနယ်ချဲ့လိုတဲ့အစိုးရကစေလွတ်တဲ့ လခစားကြေးစား မိန်မပျက် တစ်ဖြစ်လဲ သူလျှိုတွေပေါ့။ နာမည်ကြီးကိုယ်လုပ်တော်ကတော့ ယွန်းခင်ခင် (The Lacquer Lady)ပေါ့။

ဒီစာရင်းဟာ သီပေါမင်းရဲ့ မယားစာရင်းဆိုသေချာစေတာက လူအမည်တွေနှင့် အမိန့်တော်ထုတ်တဲ့နေ့ ( မှတ်တမ်းတင်တဲ့နေ့ ) ဟာ မြန်မာလို ၁၂၄၆-၁၂၄၇ ခု ( ၁၈၈၄-၅ ) ဖြစ်တာကြောင့်ပါတဲ့။

အထူးမှတ်သားရမှာက ရှင်ဘုရင့်အလိုရှိတိုင်း လာရောက်ပြီး ကာမဂုံ ဆက်ရမယ့်စာရင်းထဲမှာ သူတပါးမယားတွေပါနေတာပါဘဲ။ ဘာသာတရားအဆုံးမနှင့် သီလတရား ကျင့်ဝတ်တွေရှိစေကာမူ ဘုရင်တွေအတွက် အကျုံးမဝင်တာ သတိထားမိပါတယ်။ ဘုရင်ဆိုတာ ကာမေသု သီလစောင့်စရာမလိုတဲ့သဘောပေါ့။ မင်းကျင့်တရားဆယ်ပါးတော့ မပြောတော့ပါဘူး။
Copy From : http://ancientmyanmar.blogspot.com

အသက် ၂၃ နှစ်အရွယ်ရှိ ဗီယက်နမ်သူ ရက်ပိုင်းအတွင်း အသက် ၇၀ ကျော် အရွယ်အိုမင်းသွားခဲ့



အသက် ၂၃ နှစ်အရွယ်ရှိ ဗီယက်နမ်သူ ငုယင်သီဖောင်သည် ရက်ပိုင်းအတွင်း အသက် ၇၀ ကျော် အရွယ်ပုံစံမျိုး အိုမင်းသွားခဲ့ရာ ယင်းဖြစ်စဉ်ကို ဗီယက်နမ်မှ ဆရာဝန် များက   လေ့လာ ကုသပေးရန် ပြင်ဆင်နေပြီး ယခုအချိန်အထိ ရောဂါလက္ခဏာ အတိအကျကို အငြင်းပွားနေဆဲဖြစ်ကြောင်း သိရသည်။

၂၀၀၈ ခုနှစ်ကယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၂၆ နှစ်ရှိပြီဖြစ်သော သီဖောင်သည် ဆင်းရဲလွန်းသောကြောင့် ကုသရန် မတတ်နိုင်ခဲ့ဘဲ ယခုအခါတွင် ဆရာဝန်များက အခမဲ့ကုသပေးမည်ဖြစ်သည်။သီဖောင်က သူ၏ရုတ်ချည်း အိုမင်းသွားမှုသည် ဘ၀တစ်လျှောက်လုံး ပင်လယ်စာမတည့်မှုနှင့် ဆက်စပ်နေသည်ဟု ယုံကြည်နေသည်။

ပင်လယ်စာနှင့် မတည့်မှုကြောင့် အရေပြားယားယံမှုမှာ ၂၀၀၈ ခုနှစ်တွင် ဆိုးဆိုးရွားရွားဖြစ်ခဲ့သည်ဟု ဆိုသည်။''ကျွန်မတစ်ကိုယ်လုံးယားနေပြီး အိပ်တဲ့အချိန်မှာတောင် ကုတ်နေရပါတယ်'' ဟု သီဖောင်က ပြန်ပြောပြသည်။သီဖောင် နှင့် ခင်ပွန်းဖြစ်သူ လက်သမားဆရာသန်းတုယင်တို့မှာ ဆင်းရဲသောကြောင့် ဆေးရုံသွားမပြနိုင်ခဲဘဲ အနီးတွင် ဆေးဝယ်သောက်ခဲ့သည်ဟု ဆိုသည်။

''ဒီဆေးတွေသောက်ပြီး တစ်လလောက်ကြာတော့ ယားတာနည်းနည်း သက်သာလာပါတယ်။ဒါပေမဲ့ အရေပြားရောင်ရမ်းနီရဲတာတွေ ရှိနေတုန်းပဲ။အဲဒါနဲ့ တိုင်းရင်းဆေး ပြောင်းသုံးခဲ့ပါတယ်။ရောင်ရမ်းတာတွေက ယားတာနဲ့အတူတူပျောက် သွားခဲ့ပါတယ်။ဒါပေမဲ့ ကျွန်မအရေပြားတွေလဲ လျှော့လျဲပြီးတွဲကျလာ တော့တာပါပဲ'' ဟု သီဖောင်ကပြန် ပြောပြသည်။
ယင်းနောက်တွင် အခြားတိုင်းရင်းဆေးတစ်မျိုး ပြောင်းသုံးခဲ့သော်လည်း မသက်သာခဲ့ဟု ဆိုသည်။

ဆရာဝန်များကမူ သုံးစွဲခဲ့သည့် တိုင်းရင်းဆေးဝါးများကြောင့်ဟု ယူဆနေပြီး ရောဂါလက္ခဏာကို ပိုဆိုးသွားစေခဲ့သည့်အပြင် ရှားပါးသည့် အရေပြားရောဂါတစ်မျိုးဖြစ်သော mastocytosis ကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်ဟု ယူဆမှုများရှိနေ သည်။ ရောဂါလက္ခဏာကို အမည်တပ်မှုမှာ ဆရာဝန်များအကြားတွင်ပင် ကွဲလွဲမှုများရှိနေပြီး ကုထုံးနှင့်ပတ်သက်ပြီးလည်း သဘောကွဲလွဲနေသည်ဟု သိရသည်။ သီဖောင်မှာ အရေပြားများက အိုမင်းသည့်အသွင်ဖြစ်နေသော်လည်း ရာသီစက်ဝန်း၊ ဆံပင်၊ သွား၊ မျက်လုံးနှင့် စိတ်တို့မှာ ပုံမှန် ၂၀ ကျော် အမျိုးသမီးတစ်ဦးအတိုင်း ရှိနေသည်ဟု သိရသည်။
ရောဂါမဖြစ်မီပုံ
 ငုရင်သီဖေါင်းနှင့် သူမ၏ခင်ပွန်း လက်သမားဆရာလေး


Forward Mail : THX


လူ့မစင်နဲ့ လုပ်ထားတဲ့ အသားတု

ကမ္ဘာ့စားနပ်ရိက္ခာ ရှားပါးမှုဟာ အရေး တစ်ကြီး ဖြေ ရှင်းဖို့ လိုအပ်တဲ့ပဿနာတစ်ရပ် ဖြစ်လာနေပါတယ်။ သို့ပေမယ့်လည်း ပါမောက္ခ အီကီဒါကတော့ သူ့ရဲ့ နောက်ဆုံးပေါ် တီထွင်ကြံ ဆမှုဖြစ်တဲ့ လူ့မစင်ကနေပရိုတိန်းဓါတ်ပါတဲ့ အသားတု တစ်မျိုးကို တီထွင်ထုတ်လုပ်နိုင်ခဲ့ခြင်း ဟာ ဒီအခက်အခဲပြဿနာကြီးကိုအရေးပါတဲ့ နေရာကနေ ကူညီဖြေရှင်းပေးနိုင်မယ်လို့ ယူဆ နေခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ မိလ္လာပြဿနာများ မနိုင် မနင်း ဖြစ်နေခဲ့ခြင်းအပေါ် တိုကျိုမိလ္လာဌာနအနေ နဲ့ အဆိုပါအခက်အခဲကို အကျိုးရှိစွာ ဖြေရှင်း နိုင်ရန် နည်းလမ်းရှာဖို့ အိုကာယာမ ဓါတ်ခွဲစမ်း သပ်ခန်းက ဂျပန်နိုင်ငံသား သုတေသနပညာရှင် ကို ပန်ကြားပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

သုတေသနပြုစဉ် ကာလအတွင်း ပညာ ရှင် အီကီဒါဟာ မိလ္လာအညစ်အကြေး အဖတ်များ မှာ ပရိုတိန်းဓါတ်များ အမြောက်အများ ပါဝင်နေ တာကို တွေ့ရှိခဲ့ပြီး ယခုလို တန်ဖိုးရှိတဲ့ ပရိုတိန်း တွေကို စစ်ယူပြီး အသားတုတစ်မျိုးအဖြစ် ပြောင်း လဲထုတ်လုပ်နိုင်ဖို့ တီထွင်ဖန်တီးခဲ့တာ ဖြစ်ပါ တယ်။ လူ့မစင်များ အဓိကပါဝင်တဲ့ မိလ္လာအညစ် အကြေးတွေမှာ ဘက်တီးရီးယားတွေ အပြည့်ရှိနေ တာကြောင့် ပရိုတိန်းဓါတ်တွေ ရာနှုန်းမြင့် ပါဝင် နေတာဖြစ်ပါတယ်။

ဘက်တီးရီးယားတွေဟာ ပြုပြင်ထုတ် လုပ်မှုဖြစ်စဉ်အတွင်း အပူရှိန်ကြောင့် သေဆုံး သွားမှာ ဖြစ်တဲ့အတွက် အန္တရာယ်မရှိဘူးလို့လည်း ဆိုပါတယ်။


ကနဦး စမ်းသပ်လေ့လာချက်တွေအရ အသားတုဟာ ထပ်မံပေါင်းစပ်လိုက်တဲ့ ပဲပိစပ် ပရိုတိန်းကြောင့် အမဲသားကဲ့သို့ အရသာရှိနေပြီး အီကီဒါက ပိုမိုနီးစပ်သွားစေရန် အနီရောင် အစား အစာစပ်ဆေးကို ထပ်မံထည့်သွင်းလိုက်ပါတယ်။


ထိုလူ့မစင် တစ်ဖြစ်လည်း အသားတုမှာ ပါဝင်တဲ့ အဟာရဓါတ်တွေကတော့ ပရိုတိန်းဓါတ် ၆၃%၊ ကာဘိုဟိုက်ဒရိတ် ၂၅ %၊ လီပဒ် ၃% နဲ့ သဘာဝဓါတ် ၉ % တို့ ပါဝင်ပြီး အသားအစားထိုး လူ့မစင်အသားတုဟာ မဆိုးဘူးလို့ ဆိုရမှာဖြစ် ပါတယ်။


သို့သော်လည်း ဒီအသားတုဟာ မိလ္လာ အညစ်အကြေးက သန့်စင်ထုတ်ယူစီမံတာဖြစ်ပြီး လူ့မစင် ပရိုတိန်းဓါတ်များ ပါဝင်တယ်ဆိုတာ သိရင်တော့ စားသုံးသူ အနည်းငယ်သာ ရှိလိမ့် မယ်လို့ ပါမောက္ခ အီကီဒါက ၀န်ခံပြောဆိုခဲ့ပါ တယ်။ ဒါပေမယ့် အစားအစား ရှားပါးပြတ်လပ်မှု အပြင်းအထန်ဖြစ်ပွားလာခဲ့ရင်တော့ လူတွေဟာ ဒီအသားတုကို အလုအယက် တောင်းဆိုကြမှာ ဖြစ်ပါတယ်။


ယခု လောလောဆယ်မှာတော့ အီကီဒါ ဟာ သူ့ရဲ့တီထွင်မှုကို လူအများတတ်နိုင်တဲ့ ဈေးနှုန်းနဲ့ အမြောက်အများ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ လက်ရှိအနေအထားမှာ "မစင်အသား" ဟာ သာမန်အသားထက် ၁၀ ဆ မျှ ပိုမိုဈေးကြီးနေပြီး သုတေသနပြုလုပ်မှုအတွက် ကုန်ကျစရိတ်ကို ထုတ်လုပ်မှု ကုန်ကျစရိတ်ထဲက ဖယ်နိုင်ပြီဆိုတာနဲ့ တစ်ပြိုင်နက် အသားတု ဈေး နှုန်းဟာ သဘာဝအသားဈေးနှုန်းနဲ့ ဈေးလျော့ နည်းနိုင်လိမ့်မယ်လို့ ဂျပန်သိပ္ပံပညာရှင်က မျှော် လင့်ထားပါတယ်။


ရိုးရိုး (သတင်းကွန်ယက်)
Copy From :

မျက်နှာပေါ်ရှိ မှဲ့အနက်အဓိပ္ပာယ်

 ပထမဦးစွာ သင့်မျက်နှာပေါ်ရှိမှဲ့ကို အရင် ဆန်းစစ်ပါ။ ပြီးရင် သင့်မျက်နှာပေါ်ရှိ မှဲ့နေရာကို ပုံပါအတိုင်း အနီးစပ်ဆုံးနံပါတ်ကိုကြည့်ပြီး အမျိုးအစားပိုင်းခြားသတ်မှတ်ပါ။  ထင်ရှားပြတ်သားပြီး တခုတည်းရှိသောမှဲ့ကိုသာ အဓိပ္ပာယ်ကောက်ယူရပါမယ်။ မျက်နှာပေါ်မှ အစက်အပြောက်များ၊ ဝက်ခြံ (သို့) မှဲ့သေးသေးကလေးများကို ထည့်မတွက်ရပါဘူး။ ကဲ- မှဲ့နေရာက သက်ဆိုင်ရာအနေအထားမှာရှိတာသေချာရင် ဘယ်နံပါတ်ထဲ ပါဝင်နေမလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။



နံပါတ် ၁မှ၃
 ကလေးတယောက်လိုပဲ သင့်ရဲ့စိတ်ဟာ တခါတရံမထိန်းချုပ်နိုင်ပဲ ပေါက်ကွဲလွယ်တယ်။ မွေးရာပါ တီထွင်ကြံဆဥာဏ်ရှိပြီး  လွတ်လပ်ခွင့်ပြုထားပါက အကောင်းဆုံးဖြစ်အောင်လုပ်နိုင်စွမ်းရှိသောကြောင့် သင့်ရဲ့အထက်အရာရှိက သင့်ရဲ့တွေးခေါ်ဆန်းသစ်လုပ်ဆောင်ရည်ကို နှစ်သက်သဘောကျမှာဖြစ်ပါတယ်။ အဲဒီနေရာမှာရှိတဲ့မှဲ့ပိုင်ရှင်ဟာ သူများအလုပ်ကို လုပ်ရတာထက် ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ကံပါပြီး စီးပွားရေးမှာလည်း အောင်မြင်ထွန်းပေါက်မှာ ဖြစ်ပါတယ်။


နံပါတ် ၎
သင်ဟာ စိတ်ကူးရသလို လုပ်တတ်တဲ့သူဖြစ်ပါတယ်။ မကြာခဏဆိုသလို သူတပါးအပေါ်ကို လွှမ်းမိုးသွားအောင် ဆွဲဆောင်နိုင်ပြီး  ထူးခြားဆန်းပြားတဲ့ ပင်ကိုယ်အရည်အသွေးမျိုး ပိုင်ဆိုင်သူဖြစ်ပါတယ်။ ထင်မြင်ယူဆဝေဖန်မှုများအပေါ် အငြင်းအခုံသန်သူဖြစ်ပြီး မကျေနပ်ချက်နဲ့ အလိုမကျမှုများကို စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်သူဖြစ်လို့ အများနှင့်ဆက်ဆံရာမှာ အခက်အခဲတွေ့တတ်ပါတယ်။ အဆိုပါမှဲ့ပိုင်ရှင်မှာ အငြိုးဒေါသ ပေါက်ကွဲလွယ်သူဖြစ်လို့ အဲဒီအကျင့်လေးသာ ဖျောက်အောင် လုပ်နိုင်မယ်ဆိုရင် လူ့လောကမှာ တည်ငြိမ်အေးချမ်းစွာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။

နံပါတ် ၅
မျက်ခုံးအပေါ်ထက်ရှိ မှဲ့ပိုင်ရှင်ဟာ ဘဝမှာချမ်းချမ်းသာသာနဲ့ နေရမယ့်ကံပါတယ်။ ဒါပေမယ့် သူများထက်တော့ ပိုရှာပြီး ပိုကြိုးစားလုပ်ကိုင်ရပါတယ်။ သင်ရှာသမျှငွေတွေကို သေချာထိန်းသိမ်းရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင့်ကိုမနာလိုသူတွေက စကားချိုချိုနဲ့ သင့်ရဲ့ဥစ္စာဓနကို ခွဲဝေယူဖို့ ကြံစည်ကြပါလိမ့်မယ်။ သင့်ရဲ့ အလျင်အမြန်ကြီးပွားချမ်းသာတဲ့စီမံကိန်းကြီးထဲကို ရင်းနှီးမြှုပ်နှံဖို့ကြိုးစားလာသူများကို အထူးသတိရှိပါ၊ သူတပါးအား အယုံမလွယ်မိဖို့ သတိပေးပါရစေ။ သင့်ရဲ့ပင်ကိုဥာဏ်ကိုသုံးပြီး သတိဝိရိယနဲ့နေပါ။ ဘယ်သောအခါမှ သင့်ရဲ့ငွေကြေးကိစ္စရပ်များကို တပါးသူအား မချုပ်ကိုင်ပါစေနဲ့။

နံပါတ် ၆
ဒီနေရာမှာရှိတဲ့မှဲ့ပိုင်ရှင်ဟာ ဥာဏ်ကောင်းတယ်၊ တီထွင်ဖန်တီးဥာဏ်ရှိတယ်၊ အနုပညာစွမ်းရည်ရှိတယ်။ အဆိုပါစွမ်းရည်က သင့်ကို ချမ်းသာကျော်ကြားပြီး အောင်မြင်စေတယ်။ ချမ်းသာမဲ့ ကံပါလာပြီးသား။ ဒါပေမဲ့ သမားရိုးကျစီးပွားရှာဖို့လမ်းစဉ်ထက် ကိုယ်စိတ်နှလုံးသွင်းပြီး ရဲရင့်သတ္တိရှိမှ အောင်မြင်မှုကို အကောင်အထည်ဖော်ဆောင်နိုင်မှာ ဖြစ်တယ်။

နံပါတ် ၇
မျက်ခုံးအောက်မှာရှိတဲ့ မှဲ့ပိုင်ရှင်ဟာ  ပူဆွေးသောက စိတ်မချမ်းမြေ့ဖွယ်ကောင်းတဲ့ ဆွေမျိုး၊ မိသားစုအသိုင်းအဝိုင်းကြားမှာ ကတောက်ကဆ စကားများတတ်တယ်။ အဲဒါက သင့်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းကို ထိခိုက်စေပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ အဆင်ပြေအောင် ညှိယူပါ။

နံပါတ် ၈
ဒီနေရာမှာမှဲ့ရှိရင်တော့ မကောင်းပါဘူး။ အသုံးအဖြုန်းများတတ်တဲ့အတွက်ကြောင့် အမြဲအလိုလို ငွေကြပ်နေတတ်တယ်။ လောင်းကစားကို ခုံမင်သူလည်း ဖြစ်တယ်။ ဘယ်အချိန်မှာ ရပ်တန်းက ရပ်ရမလဲဆိုတာ မိမိကိုယ်ကိုသိပါ။ အလားတူ အဲဒီမှာမှဲ့ရှိတဲ့သူဟာ ဆန့်ကျင်ဘက်လိင်ကိုသာမက လိင်တူကိုပါ ဆွဲဆောင်ကလူတတ်ပါတယ်။ သင့်ရဲ့ဆွဲဆောင်မှုကို အသုံးချရာမှာ အနည်းငယ် မြော်မြင်ဆင်ခြင်နိုင်မှ တော်ခါကြပါမယ်။ မဟုတ်ရင် ဒုက္ခရောက်သွားနိုင်တယ်။

နံပါတ် ၉
 ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ လိင်ပိုင်းဆိုင်ရာနဲ့ အခြားပြဿနာများ ရှိနိုင်ပါတယ်။ ကံမကောင်းတဲ့မှဲ့ဖြစ်လို့ ဖြတ်ပစ်ဖို့ အကြံပြုပါရစေ။ ပူဆွေးသောကများစွာနဲ့ ပြဿနာပေါင်းများစွာကို ယူဆောင်လာမဲ့ မှဲ့မျိုးပါ။

နံပါတ် ၁၀
နှာခေါင်းအောက်တည့်တည့်မှာမှဲ့ပါရင် သားမြေးစဉ်ဆက်ထိ ကံကောင်းတယ်။ အချိန်ပြည့် မိသားစုဝင်များနဲ့ သားသမီးများ၊ မြေးများနဲ့  သိုက်သိုက်ဝန်းဝန်းနေရမယ်။ သင်နဲ့အနီးဆုံးလူရဲ့ အထောက်အပံ့ကို ရရှိနိုင်မှာဖြစ်ပြီး သင့်အား ဥစ္စာပစ္စည်းရော၊ စိတ်ခံစားမှုရော အပြည့်အဝဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။

နံပါတ် ၁၁
ဒီနေရာမှဲ့ရှိတဲ့သူဟာ နာဖျားခြင်းကို မလွန်ဆန်နိုင်ပါ။ အထူးသဖြင့် အဲဒီမှဲ့ကြီးပြီး မည်းလာရင် ဖျက်ပစ်လိုက်တာ အကောင်းဆုံးပဲ။ ဒါမှမဟုတ် အောက်ခံမိတ်ကပ်ဖောင်ဒေးရှင်းများများသုံးပြီး ဖုံးထားပါ။ 

နံပါတ် ၁၂
ဒီနေရာမှဲ့ရှိတဲ့သူဟာ အောင်မြင်ရုံသာမက တည်ငြိမ်မျှတတဲ့ဘဝကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ သိပ်မချမ်းသာရင်တောင်မှ ကျော်ကြားမယ်။ သင့်ကို  မြင့်မားတဲ့ဘဝမှာ နေထိုင်ပိုင်ဆိုင်ဖို့ အခွင့်အရေးပေးသော်လည်းပဲ သင်ဟာ သင့်အိမ်နဲ့မိသားစုဘဝမှာပဲ ကျေနပ်တင်းတိမ်နေမယ်။ အဲဒီနေရာမှာမှဲ့ရှိတဲ့ အမျိုးသမီးများဟာ အထူးသဖြင့် ကံကောင်းမယ်၊ လှပမက်မောစွဲမက်ဖွယ်ကောင်းပါလိမ့်မယ်။

နံပါတ် ၁၃
သင့်ကလေးတွေက သင့်ဘဝမှာ ကြီးမားတဲ့ပူပန်သောက စိုးရိမ်မှု တခုပါပဲ။ သူတို့လေးတွေနဲ့ ဆက်ဆံရတာ အဆင်မပြေနိုင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သည်းခံနိုင်အောင် ကျင့်ကြံဖို့ ကြိုးစားရုံမှတပါး ဘာမှမတတ်နိုင်ပါ။

နံပါတ် ၁၄
ဒီနေရာမှာမှဲ့ရှိတဲ့သူဟာ အစားအသောက်နဲ့ ပတ်သက်ပြီး သင့်ဘဝမှာ ကြီးမားတဲ့ပြဿနာတခုပါပဲ။ ဘာလို့လဲဆိုတော့ သင်ဟာ တချို့အစားအစာနဲ့ ဓါတ်မတည့်မှု ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်ရင် အစားကြီးလွန်းရင်တောင် ဖြစ်တတ်ပါတယ်။

နံပါတ် ၁၅
သင်ဟာ သွက်လက်တက်ကြွတယ်၊ သင့်အိမ်ကို  အမြဲလိုလို ပြုပြင်မွမ်းမံပြီး အလှဆင်ရတာကို နှစ်သက်သူဖြစ်တယ်။ ပစ္စည်းသစ်ကို သုံးရတာ၊ နေရာအသစ်အဆန်းကို သွားရတာ သဘောကျတယ်။ တနေရာထဲမှာ ကြာကြာနေရတာကို မနှစ်မြို့ပေ။ ခရီးသွားခြင်း၊ စွန့်စားခြင်းကို နှစ်သက်ပြီး ဂရုတစိုက်စူးစမ်းသိမြင်သော အမြင်ရှိပါတယ်။


နံပါတ် ၁၆
သင်အစားစားတော့မယ်၊ လိင်ဆက်ဆံတော့မယ်ဆိုရင် သတိထားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ၂ခုဟာ သင့်ရဲ့ကြီးမားတဲ့ပြဿနာဖြစ်ပေတယ်။ သင့်ကိုစိတ်ဓါတ်ကျစေမဲ့ ပူပန်သောကတွေ ရှိလာတတ်ပါတယ်။ သင်ဟာ ချစ်ရေးချစ်ရာမှာ စိတ်ပါဝင်စားပြီး ချစ်သူကို တယောက်မက ထားတတ်ကြပါတယ်။ ဒါပေမယ့် သင်ဟာ ကိုယ်ကျင့်သိက္ခာစောင့်ထိန်းသူဖြစ်တဲ့အတွက်ကြောင့် ဒါကို အပြစ်ကျူးလွန်မိတယ်လို့ ယူဆကာ စိတ်ဖိစီးမှုများ ဖြစ်ပေါ်စေနိုင်ပါတယ်။

နံပါတ် ၁၇
သင်ဟာ လူမှုရေးရာမှာ ထင်ပေါ်ကျော်ကြားမယ်။ သင်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းသလို စကားပြောကောင်းသူတယောက်လဲ ဖြစ်တယ်။ သင့်ရဲ့အောင်မြင်မှုနဲ့ ပတ်သက်ပြီး စိတ်ကြီးဝင်နေတတ်ပါတယ်။ ဒါဟာ သင့်ရဲ့ဂုဏ်သတင်းကျော်စောမှုကို ဆုံးရှုံးစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့  သင့်ရဲ့မိမိကိုယ်ကိုယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကိုတန်ဖိုးထားလေးစားမှုဟာ သင့်ကို အလွန်အမင်းထိခိုက်စေလိမ့်မယ်။

နံပါတ် ၁၈
သင်ဟာ အမြဲတမ်းခရီးထွက်နေရမဲ့သူ ဖြစ်တယ်။ သင့်ဘဝမှာ နိုင်ငံရပ်ခြားခရီးဝေး အများကြီးသွားရမယ်။ ဒါပေမဲ့ ရေလမ်းခရီးသွားရမဲ့အခါတိုင်း အထူးသတိရှိပါ။ ဘာလို့လဲဆိုတော့ အဆိုပါ မှဲ့မျိုးဟာ အိမ်မှာနေရတာက သင့်အတွက် ပိုပြီးကောင်းပါလိမ့်မယ်။

နံပါတ် ၁၉
သင့်မှာ ငွေရမဲ့ကံရှိပြီး မိတ်ဆွေကောင်းလည်း ပေါများပါတယ်။ ဒါကြောင့် ဒီမှဲ့မျိုးရှိတာ ကောင်းပါတယ်။ အားနည်းချက်က ဆန့်ကျင်ဘက်လိင်ရဲ့ ဆွဲဆောင်မှုနောက်သို့ အလွယ်တကူပါသွားတတ်ကြတယ်။ သင့်ဘဝမှာ အဲဒါက သင့်ကို ဒုက္ခရောက်စေပါတယ်။ ဒါကြောင့် သင့်ရဲ့စိတ်ကို တည်ငြိမ်အောင်ကြိုးစားပါ။

နံပါတ် ၂၀
ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ ကံအရမ်းကောင်းချင်ကောင်းမယ်။ ကံအရမ်းဆိုးရင်ဆိုးမယ်။ ကံတရားက သင့်ကို အလွန်အမင်းကျော်ကြားမယ် ဒါမှမဟုတ်ရင် မကောင်းသတင်းဖြင့် ကျော်ကြားမယ်လို့ ကြိုတင်စီရင်ထားပြီး ဖြစ်တယ်။ သင့်မှာ တီထွင်ဖန်တီးတတ်တဲ့ ပါရမီရှိသလို ဥာဏ်ရည်ထက်မြက်သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ပင်ကိုအရည်အသွေးကို ကောင်းတဲ့နေရာရော ဆိုးတဲ့နေရာမှာပါ အသုံးပြုလို့ ရပါတယ်။ သင်ဟာ လူတွေကို မထီမဲ့မြင်၊ မလေးမစားဆက်ဆံတတ်တဲ့ လူစားမျိုးမဟုတ်ပါဘူး။ သင်ဟာ သဘောလွယ်သူမဟုတ်တဲ့အတွက် အလွယ်တကူ ခွင့်မလွှတ်တတ်သလို မေ့လဲမမေ့တတ်ပါ။ ဒီမှဲ့ဟာ ထူးချွန်ပြောင်မြောက်သူ (သို့မဟုတ်) နိုင်လိုမင်းထက်ပြုမူသူအဖြစ် မှတ်ယူရမဲ့ အမှတ်အသားတခုပါပဲ။

နံပါတ် ၂၁
ဒီမှဲ့မျိုးက ကောင်းပါတယ်။ ဘဝတလျှောက် များများစားရ ၊သောက်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး ကျော်ကြားမှုနဲ့ အသိအမှတ်ပြုခံရမှုများကို ယူဆောင်လာမဲ့ မှဲ့မျိုးဖြစ်ပါတယ်။

နံပါတ် ၂၂
သင့်ဘဝဟာ အမြဲ ပျော်ရွှင်နေပြီး အစစအရာရာ အဆင်ပြေချောမွေ့ပါတယ်။ သင်ဟာ အားကစားကို ဝါသနာထုံသူဖြစ်ပါက စူပါစတားအားကစားသမားကောင်းတယောက် ဖြစ်လာနိုင်ပါတယ်။ မျက်ခုံးမွေးအဆုံးမှာရှိတဲ့ မှဲ့ပိုင်ရှင်များဟာ သြဇာတိက္ကမ ရှိတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် သင်သာ ကုမ္ပဏီရဲ့ အလုပ်အမှုဆောင်အရာရှိတယောက်ဆိုပါက ကောင်းစွာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ 

နံပါတ် ၂၃
သင့်မှာ ဥာဏ်ရည် (IQ) အရမ်းပဲမြင့်မားပါတယ်။ ဥာဏ်ရည်ပါးနပ်သလို မြို့ရည်လည်ပြီး လူအမျိုးမျိုးနဲ့ ပေါင်းသင်းဆက်ဆံတတ်ပါတယ်။ လူ့ဘဝမှာ ဘယ်လို ရှင်သန်ရပ်တည်ရမလဲဆိုတဲ့ ရင့်ကျက်တဲ့ ပင်ကိုဥာဏ်ရှိတဲ့အတွက်ကြောင့် အဓိပ္ပာယ်ရှိရှိ၊ သက်တမ်းရှည်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အသက်အိုမင်းလာသည့်တိုင်အောင်  တက်ကြွဖျတ်လတ်နေတုန်းပါပဲ။ ဘဝဆုံးတဲ့အထိ မိတ်ဆွေများ၊ မိသားစုများနဲ့ သိုက်သိုက်ဝန်းဝန်းနေသွားရမှာပါ။

နံပါတ် ၂၄
သင်ဟာ ငယ်ရွယ်စဉ်မှာ ကျော်ကြားမှုနဲ့ အခွင့်အလမ်းများ ရရှိနိုင်ပါတယ်။ ဒါကြောင့် အိုမင်းတဲ့အခါ အထောက်အပံ့ပြုဖို့ ငယ်စဉ်ခါ ရလာမဲ့အခွင့်အရေးကို အသုံးချတတ်ဖို့ အကြံပြုပါရစေ။ ဘာလို့လဲဆိုတော့ အဆိုပါမှဲ့ပိုင်ရှင်များဟာ အသက်ကြီးလာတဲ့အခါ သူတို့ရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းတတ်ပါတယ်။

နံပါတ် ၂၅
သင်ရဲ့ ကြိုးစားအားထုတ်မှုက ကြီးပွားချမ်းသာခြင်းနဲ့ အသိအမှတ်ပြုခြင်းကို ရရှိပြီး အခွင့်အလမ်းများစွာခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ကဲမှုကို အထူးသတိပြုပါ။ သမရိုးကျအတိုင်း ပြုမူနေထိုင်ပါ။ အသက်ရှည်ပြီး အကျိုးစီးပွားဖြစ်ထွန်းမဲ့ဘဝမျိုးကို ပိုင်ဆိုင်ရရှိမှာ ဖြစ်ပါတယ်။
စကားချပ်- အချိန်ယူပြီး အနီးစပ်ဆုံး ဘာသာပြန်ထားပါတယ်။ အမှား(သို့) အဓိပ္ပာယ်လွဲခဲ့သည်ရှိသော် နားလည်ခွင့်လွှတ်ပေးပါရန်။


ဂိမ်းထဲမှာတင်အားမရလို့ အပြင်မှာပါ ဖြစ်တဲ့ ရန်ပွဲ

အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ ကလေး ၃ ယောက်အဖေဟာ သူရဲ့ကွန်ပျူတာ ဂိမ်းတစ်ခုဖြစ်တဲ့ “Call of Duty : Black Ops” ထဲက ဇာတ်ကောင် အသတ်ခံရလို့ သူ့ဇတ်ကောင်ကို သတ်သွားတဲ့ ဆယ်ကျော်သက်လေးကို သွားပြီး ရန်ရှာလို့ တရားစွဲခံထားရပါတယ်။

အင်္ဂလန် နိုင်ငံ ပလိုင်းမောင့် မှာ နေထိုင် မာ့ခ် ဘရက်ဖို့ဒ် ရဲ့ ကွန်ပျူတာဂိမ်းဇတ်ကောင်ဟာ အသတ်ခံရပါတယ်တဲ့။ ဒီထက်ဆိုးတာက သူ့ဇာတ်ကောင်ကို သတ်သွားတဲ့သူက အသက် ၁၃ နှစ်အရွယ် ချာတိတ်လေးတစ်ယောက်ဖြစ်နေခြင်းပါ။ သူတို့ အင်တာနက်ကနေတစ်ဆင့် ကစားခဲ့ကြတာဖြစ်ပြီး အဲ့ဒီအချိန်မှာ မိုက်ခရိုဖုန်းကတစ်ဆင့် စကားလည်းပြောကြပါတယ်တဲ့။ မာ့ခ်ဟာ ကောင်လေးနေတဲ့နေရာကိုလည်း သိပါသတဲ့။

အဲ့ဒီမှာတင် ချာတိတ်လေးက မာ့ခ်ရဲ့ ဇာတ်ကောင်ကို ပစ်သတ်လိုက်တော့ မာ့ခ်တစ်ယောက်ဒေါသူပုန်ထပြီး ကောင်လေးအိမ်ကိုသွားပြီး လည်ပင်းညှစ်ပါတယ်လို့ ကောင်လေးရဲ့အမေက “Mirror” သတင်းစာကို ပြောပြသွားပါတယ်။ ချာတိတ်လေးကတော့ ခြစ်ရာအနည်းငယ်ထင်သွားပေမယ့် ပြောပြလောက်အောင်တော့ ဒဏ်ရာမရဘူးလို့ဆိုပါတယ်။
မာခ့်ကတော့ တရားရုံးကို “ကျွန်တော့် ဒီချာတိတ်ကို အန္တရာယ်ပေးဖို့ မဟုတ်ပါဘူး၊ သူ့ကို ဆွဲလွဲရုံသက်သက်လေးပါ။ တောင်းလည်းတောင်းပန်ပါတယ် ပြောပြလောက်အောင်တော့ ထိခိုက်မှု့ မဖြစ်သွားပေမယ့် ခုတော့ နောင်တရပါပြီ” လို့ ထွက်ဆိုသွားပါတယ်။
မာခ့်ရဲ့ ရှေ့နေ ထရေစီ ဘေကာ ရဲ့အဆိုအရတော့ “မာခ့်ဟာ ကမူးရှုးထိုးဖြစ်သွားတာပါ၊ သူ့မှာ ဒီလို ရန်ပြုလိုတဲ့ အစီအစဉ်မရှိပါဘူး” လို့ ဆိုပါတယ်။
ချာတိတ်လေးရဲ့အမေကတော့ “ဒီလို ကြီးတောင်ကြီးမားနဲ့ ကလေးလေးကို ဒီလိုလာပြီး အနိုင်ကျင့်ရသတဲ့လားရှင်….. ကလေးလေးတောင်မှ နိုင်အောင်မဆော့နိုင်ရင်လည်း ဂိမ်းမဆော့ဘဲနေပါလားလို့” သတင်းစာကိုပြောသွားပါတယ်။

အော်…. ကလေး ၃ ယောက်အဖေကြီးကလည်း ဂိမ်းလေးရှုံးတာနဲ့ ဒေါသကြီးလိုက်တာ… ကလေးတောင်နိုင်အောင် မဆော့နိုင်ဘူးတဲ့။

 Copy From : http://blog-aunghtut.blogspot.com

ကြုံတောင့်ကြုံခဲ မိကျောင်း Vs စပါးအုန်းမြွေတို့ ၏တိုက်ပွဲ

 ကြုံတောင့်ကြုံခဲပါပဲဗျာ မိကျောင်းဆိုတာလဲ လူတိုင်းမြင်ဖူးတာတော့ မဟုတ်ပါဘူး Zoo ကိုသွားမှပဲမြင်ဖူးပါလိမ့်မယ် ကမြွေကိုကော အတူတူပဲအခုလို စပါးအုန်းမြွေ ကတော့    မြင်ရခဲပါတယ်... ..ထားပါတော့ဗျာ နှစ်ခုလုံးကိုမြင်ဖူးတယ်ပဲထားလိုက် တစ်ကောင်နဲ့ တစ်ကောင် ကိုအသေအကြေ ကိုယ့်အသက်အတွက်တိုက်ခိုက်နေတာကိုတော့ လူတိုင်းမမြင်ဖူးပါဘူး ရုပ်ရှင်တွေထဲမှာတော့ သိပ်ကိုမပါနိုင်ဘူးလေ နောက်ပြီးတိုက်ခိုက်တယ်ဆိုတာကလွဲ သူတို့ ကအမြဲရန်ဘတ်လဲမဟုတ်ဘူးလေ တည့်တာကတော့မတည့်ပါဘူးရေနေသတ္တ၀ါ ကုန်နေသတ္တ၀ါချင်းတူပေမယ့်လဲ.. အခုလို သူတို့ တစ်ကောင်နဲ့ တစ်ကောင်တိုက် ပွဲလိုပါပဲ သူသေကိုယ်သေ ကိုတိုက်နေကြတာပါ.


မိကျောင်းက စတင်ပြီးတော့ စပါးအုန်းမြွေရဲ့ ခေါင်းပိုင်းကိုစတင်ကိုက်ခဲပြီးပွဲကိုစတင်ထားပါတယ်


စပါးအုန်းကိုလဲ အထင်မသေးလိုက်ပါနဲ့ အမြီးပိုင်းနဲ့ သူ့ ကိုယ်လုံးအပိုင်းက မိကျောင်းရဲ့ ကိုယ်ထည်ကို ရစ်ပတ်ပီးညစ်နေပါတယ်သူတို့ ထုံးစံအတိုင်း



အနီးကပ်ကြည့်ကြည့်ပါနော် မြွေကလဲ မိကျောင်းကိုယ် ကိုအားနဲံကိုရစ်ပတ်ဖျစ်ညစ်နေပါတော့သည်.


မြွေရဲ့ခေါင်းပိုင်းကတော့ အပေါ်ကိုထွက်လာပါပြီ မိကျောင်းရဲ့ပါးစပ်ထဲမှာတော့ စပါးအုန်းရဲ့ကိုယ်အပိုင်းကတော့ ရှိနေဆဲပါပဲ.


မိကျောင်းကလဲ တကယ့်ကိုအာဂပါပဲ အလွှတ်ကိုမပေးထားပါဘူး သူသေကိုယ်သေပါပဲ ပွဲကတော့ မိကျောင်းပါးစပ်ထဲက မြွေရဲ့ကိုယ်ထည်ကို မိကျောင်းမှ ပြန်လည်ပီးကိုက်ခဲနေပါတော့တယ်.

တစ်ဖြည်းဖြည်းနဲ့ ပွဲကဘယ်သူအနိုင်လဲဆိုတာကို ပြပြီးပိုမိုထင်ရှားလာပါပြီ မြွေကတော့သိပ်ကိုအားမရှိတော့ပါဘူး သူ့ အပေါ်ပိုင်းတစ်ခုလုံးမြွေ ၏ကိုက်ခဲခြင်းကိုအစပြုပြီးခံနေရပါပြီ



ဟော်... ကြည့်ပါဦး..မြွေရဲ့ ကိုယ်ကတော့ မလှုပ်တော့ပါဘူးသူအသက်မရှီတော့ဘူးထင်ပါတယ် မိကျောင်းကတော့ ငြိမ်လိုက် ပြန်ကိုက်လိုက်နဲ့ မြွေကို ဖိကိုက်ပြီးတော့ ပါးစပ်ထဲကိုထည့်သွင်းမြိုပါတော့မည်


ပွဲကတော့ ရှင်းသွားပါပြီ စပါးအုန်းမြွေရဲ့ကိုယ်ထည် တစ်ဝက်နီးပါးကတော့ မိကျောင်းရဲ့ပါးစပ်အတွင်း သက်ဆင်းလိုကရပါပြီခင်ဗျာ အခုတော့ ဘယ်သူအနိုင်ဆိုတာလဲ ခင်ဗျားတို့ သိပါပြီနော် မြွေနဲ့ မိကျောင်းက အကြိတ်အနယ်ပြိုင်ခဲ့တာပါပဲ..။





Copy From :http://mcwaiyan.blogspot.com