Extraordinary Pantene Commercial ( best emotional advertisement)




ရုရှားနိုင်ငံမှ ခန္ဓာကိုယ်အပျော့ပျောင်းဆုံးမိန်းကလေး ( look sexy)



ရုရှားနိုင်ငံမှ Zlata ဆိုတဲ့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ပျော့ပျောင်းမှု ပြကွက်တွေဖြစ်ပါတယ် ။ အံ့သြဖွယ် ရကောင်း လောက်အောင်ပျော့ပျောင်းတဲ့ သူမရဲ့ ပြကွက်တွေဟာ မြင်သူတကာရင်ကို ရင်သပ်အံ့သြ သွားစေပါတယ် ။






















သက်တန့်ချို

ငလျင်အပျက်အစီးပုံ အောက်မှ ဒေါ်လာ ၇၅ သန်းဖိုး ငွေများကို ရိုးသားစွာ ပြန်အပ်ကြသော ဂျပန်လူမျိုးများ၏ ရိုးသားမှု


၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သော ဂျပန်ဆန်ဒိုင်းငလျင်ကြီးနှင့် ဆူနာမီတို့ကြောင့် ပေါ်ပေါက်လာသော သေကြေပျက်စီးမှု အပုံကြီးများ အောက်မှ ပြန်လည်တွေ့ရှိသော ငွေကြေးများ၊ တန်ဖိုးရှိ ပစ္စည်းများကို တွေ့ရှိသူများက ရဲစခန်းများသို့
သွားရောက်အပ်နှံကြသောကြောင့် ရဲစခန်းများတွင် လက်ခံသိမ်းဆည်းရန် နေရာအခက်အခဲပင် ဖြစ်ရကြောင်း သိရှိရသည်။



ငွေသားချည်းသက်သက် အမေရိကန် ဒေါ်လာ ၄၅ သန်းတန်ဖိုး ရှိသော ဂျပန်ယန်းငွေများ၊ အခြား ငွေကြေးများကို ပိုက်ဆံအိတ်များ အတိုင်း လာရောက်အပ်နှံကြသလို အပျက်အစီးပုံအောက်ရှိ မီးခံသေတ္တာများ အတွင်းမှ ငွေကြေးနှင့် ဘဏ်စာအုပ်များ စုစုပေါင်းတန်ဖိုး ဒေါ်လာ သန်း ၃၀ ဖိုးရှိသောကြောင့် မုန်တိုင်းဒဏ်သင့် သူများ ပိုင်ငွေ စုစုပေါင်း ဒေါ်လာ ၇၅ သန်းခန့်ကို ရိုးသားစွာ လာရောက် အပ်နှံကြကြောင်း ကြားသိရသည်။

ထိုသို့ ဂျပန်လူမျိုးများ၏ ရိုးသားသော စိတ်ဓာတ်နှင့် သဘာဝဘေးသင့် ဒုက္ခသည်များအပေါ် အခွင့်အရေးယူ ကိုယ်ကျိုးမရှာတတ်ခြင်းကို အတုယူဖွယ် ဖော်ပြပေးလိုက်ပါသည်။

copy from :http://mmdailynews.com

အဝတ်လဲခန်းထဲက လျှို့ဝှက် ကင်မရာ ရှာဖွေနည်း

အဝတ်လဲခန်းထဲမှာ လျှို့ဝှက်ကင်မရာတပ်ဆင်ထားမထား ဆိုတာသိနိုင်မယ့် အချက်တွေကို အမျိုးသမီးစာဖတ်ပရိတ်သတ်တွေ သိထားသင့်မယ်ထင်လို့ ဖော်ပြပေးလိုက်ပါတယ်။
လျှို့ဝှက်ကင်မရာတွေက သေးလွန်းတာကြောင့် ဘယ်နားမှာ တပ်ဆင် ထားလဲဆိုတာ  တော်ရုံတန်ရုံ မသိနိုင်ပါဘူး။ဒီပြဿနာတွေကို ဖြေရှင်းဖို့ အလွယ်ကူဆုံးနည်းလမ်းက -


မိမိမှာပါလာတဲ့ ဖုန်းနဲ့ စမ်းသပ်နည်း
(၁) အဝတ်လဲခန်းထဲကိုမဝင်မှီ် မိမိဖုန်းနှင့် ဖုန်းခေါ်ဆိုမှု လုပ်လို့ ရ မရ စစ်ဆေးကြည့်ပါ။
(၂) အဝတ်လဲခန်းထဲကိုရောက်သွားတဲ့အခါ ဖုန်းခေါ်ဆိုမှု ထပ်မံ၍ လုပ်ကြည့်ပါ။
(၃) ဖုန်းခေါ်ဆိုမှုမရဘူးဆိုရင် အဲဒီအဝတ်လဲခန်းထဲမှာ spy cam ရှိဖို့ များသွားပါပြီ။ ဖုန်းခေါ်ဆိုလို့မရတဲ့အကြောင်းရင်းကတော့ လျှို့ဝှက်ကင်မရာရဲ့ ဖိုင်ဘာကေဘယ်က မိုဘိုင်းဖုန်းလိုင်းကို အနှောက်အယှက်ပေးလို့ပဲဖြစ်ပါတယ်။

နှစ်ဘက်မြင်မှန်နဲ့ ရိုးရိုးမှန် ဘယ်လိုခွဲခြားမလဲ။
ဟိုတယ်ကြီးတွေရဲ့ သန့်စင်ခန်းတွေ၊စတိုးဆိုင်ကြီးတွေက အဝတ်လဲခန်းတွေ၊ဟိုတယ်အိပ်ခန်းတွေမှာတပ်ဆင်ထားတဲ့မှန်တွေက တစ်ကယ့်ကြေးမုံမှန် အစစ်တွေလား ၊ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (Two way mirror) တွေလားဆိုတာ အမျိုးသမီးလေးတွေ သံသယ ဝင်ခဲ့ဖူးတာရှိလား Two way mirror ဆိုတာကတော့ ကိုယ့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ ပုံရိပ်ကိုပြန်မြင်နေရပေမယ့် အခြားတစ်ဘက်ကကြည့်ရင် ကိုယ်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ ။အပေါ်ယံကြည့်ရုံနဲ့ ကြေးမုံမှန်အစစ်လား ၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။နှစ်ဘက်မြင်မှန်တွေကိုသိနိုင်နဲ့ လွယ်ကူရိုးရှင်းတဲ့ စမ်းသပ်နည်းတစ်ခုရှိပါတယ်။
(၁) ကိုယ့်ရဲ့ လက်ချောင်းကိုမှန်ရဲ့မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။
(၂) ကိုယ့်လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံနှစ်ခုကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင် ဒါဟာ သာမန်ကြေးမုံပြင်ပါ။
(၃) ကိုယ့်လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံနှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေမယ် ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့ ဒါဟာ နှစ်ဘက်မြင်မှန် (Two way mirror) ပါပဲ။
ဒီလိုဖြစ်ခြင်းအကြောင်းရင်းက သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။
ဒါကြောင့် ကိုယ့်လက်ချောင်းထိပ်နဲ့ မှန်ထဲက ပုံရိပ်ရဲ့လက်ချောင်းထိပ် ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေတာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ လက်ချောင်းနဲ့ မှန်ထဲက လက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ ။
ဒါကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ် မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။ မိမိရဲ့ပေါ့ဆမှုက ကိုယ့်ရဲ့အရှက်သိက္ခာကို အင်တာနက်ပေါ်မှာ ကိုယ်ကိုယ်တိုင်ချပြခဲ့သလိုဖြစ်နေခဲ့တာတွေ အများကြီးပါ။
ဒီစာလေးကိုဖတ်ရှုမျှဝေလိုက်ခြင်းအားဖြင့် အမျိုးသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာကို ကယ်တင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

copy from : http://multivitaminforall.blogspot.com

သေဆုံးခဲ့သော ၁၂ နှစ်အရွယ် သမီး၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို မိဘများက လှူဒါန်းခြင်းဖြင့် ကလေးငါးဦးကို ကယ်တင်နိုင်ခဲ့


b41404

အင်္ဂလန်အရှေ့ဘက်ရှိ Essex ကောင်တီမှ အသက် ၁၂ နှစ် အရွယ် မိန်းကလေးတစ်ဦးသည် Streptococcus A ဟု ခေါ်သော ပိုးတစ်မျိုးကူး စက်ခံရပြီး ပြီးခဲ့သော ဧပြီလက သေဆုံးခဲ့သည်။ သူတစ်ပါးကို ကူညီတတ်ပြီး ကြင်နာတတ်သော နှလုံးသား ရှိသော ကာရစ်မေဒါလင် သေဆုံးခဲ့ပြီးနောက် မိဘများက ၎င်း၏နှလုံး၊ အသည်း၊ ကျောက်ကပ်များ၊ ပန်ကရိယများကို လှူဒါန်းခဲ့သဖြင့် ကိုယ်အင်္ဂါများ အစားထိုး ကုသရန် လိုအပ်နေသော ကလေးငါးဦး အသက်ကို ကယ်နိုင်ခဲ့သည်ဟု သိရသည်။  ယင်းကဲ့သို့ လှူဒါန်းရန်လည်း မေဒါလင်က ဆန္ဒရှိမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ လှူဒါန်းခဲ့သဖြင့် မိသားစု ငါးခုကို ကူညီလိုက်နိုင်သည် ဆိုခြင်းကို သိပါက ဂုဏ်ယူလိမ့်မည်ဟု သမီး ဆုံးရှုံးခဲ့ရသော ဖခင်ဂျွန်က ပြောကြားသည်။ Essex ကောင်တီရှိ Corringham တွင် မေဒါလင်တို့ မိသားစုနေ ထိုင်ပြီး မေဒါလင်သည် သီချင်းဆိုခြင်းနှင့် ကခြင်းကို ၀ါသနာပါကြောင်း သိရသည်။ ဧပြီလ၏ နံနက်တစ်ခုတွင် မေဒါလင်က ၎င်း၏နား နာနေကြောင်း ပြောသဖြင့် ဆေးခန်းပြခဲ့ရာ ပိုးတစ်မျိုး ကူးစက်ခံရခြင်း ဖြစ်သဖြင့် ပိုးသတ်ဆေး ပေးခဲ့ကြောင်း သိရသည်။
နားနာခြင်း ပျောက်သွားသော်လည်း နောက်တစ်ပတ်တွင် ထပ်မံ နာလာပြီး ပိုမို ဆိုးရွားလာသဖြင့် ဘာဆီလ်ဒန် တက္ကသိုလ်ဆေးရုံသို့ ပို့ခဲ့ရသည်။ အိန္ဒိယရှိ ဆင်းရဲသားများကို ကူညီနေရကြောင်း မေဒါလင်က မကြာခဏ အိပ်မက်မက်လေ့ ရှိသည်ဟု သိရသည်။
မေဒါလင်က ခေါင်းကိုက်ကြောင်း၊ နားထဲမှ သွေးထွက်လာကြောင်း ပြောပြခဲ့သည်။ သွေးထွက်မှုမှာ မိနစ် ၃၀ အတွင်း ပြင်းထန်လာပြီး ပိုးမှာ ဦးနှောက်ထဲသို့ ပျံ့နှံ့ ရောက်ရှိကာ ဦးနှောက် ကြီးလာကြောင်း အသက် ၄၄ နှစ်ရှိ ဖခင်က ပြောကြားသည်။ အသက်ကယ်စက်ဖြင့် မေဒါလင်ကို တည်ငြိမ်အောင်လုပ်ပြီး Gret Ormond Street ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ အာရုံကြော အထူးကု ဆရာဝန်များက ကယ်ရန် ကြိုးစားသော်လည်း  ဦးနှောက်သွေးကြောများကို သေစေလောက်သည် အထိ ဦးနှောက် ကြီးလာခဲ့သည်။
ဆရာဝန်များက အသက်ကယ်စက်ကို ဖြုတ်ပြီး မေဒါလင် ကိုယ်တိုင် အသက်ရှူနိုင်ခြင်း ရှိမရှိ စောင့်ကြည့်ခဲ့ရာ အသက်ရှူနိုင်ခြင်း မရှိဘဲ ဦးနှောက် သေသွားကြောင်းကို တွေ့ရှိခဲ့သည်။ ပြီးခဲ့သော နာရီပိုင်းကပင် စကားပြောနေသော မေဒါလင်သည် လောကကြီးကို ရုတ်တရက် စွန့်ခွာသွားခြင်း ဖြစ်ကြောင်း ဂျွန်က ပြောကြားသည်။

ကမ္ဘာ့ ပထမဦးဆုံး 3D အချစ်အကြမ်းကား Avatar ကိုကျော်ဖြတ်ကာဝင်ငွေစံချိန်ချိုး

ကမ္ဘာ့ ပထမဦးဆုံ3းDအချစ်အကြမ်းဇတ်ကားဟာစတင်ရုံတင်သည့် နေ့ (ဖွင့် စနေ့ )မှာပင်Avatarဇာတ်ကားဝင်ငွေစံချိန်ထက်ပိုကာ ရောင်းရခဲ့ ပြီးအရောင်းစံချိန်တင်ခဲ့ ပါတယ်...
ရုပ်ရှင်ဝါသနာရှင်များဟာ ဟောင်ကောင်တစ်ဝှမ်းရုပ်ရှင်ရုံများတွင် စတင်ပြသခဲ့ သည့် အကြမ်းအရမ်းအချစ်
ဇတ်ကြမ်း ဇတ်ကားကို ပထမဦးဆုံးကြည့် ရှုနိုင်ကြဖို့ အတွက် အလုအယက်တိုးဝှေ့ ကြည့် ရှုခဲ့ ကြတယ်လို့ 
အင်္ဂလန်နိုင်ငံထုတ် သူရိယသတင်းစာကြီးကဖော်ပြခဲ့ ပါတယ်... ဇတ်ကားစပြပြချင်းပထမဦးဆုံးနေ့ မှာပင် ဟောင်ကောင်တွင် ယခင်က ကမ္ဘာကျော်ဒါရိုက်တာ ဂျိမ်းစ်ကင်မ
ရွန်ရိုက်ကူးခဲ့ သည့်  ၂၀၀၉ ခုနှစ်တွင်ပြသခဲ့ သော 3D သိပ္ပံဇတ်ကား Avatar ပထမရက်လက်မှတ်ရောင်း
ရငွေ စတာလင်ပေါင် ၂၀၇၆၃၈ ( ဒေါ်လာ ၃၃၂၂၂၀ ) ထက်ကျော်လွန်ကာ စတာလင်ပေါင် ၂၁၉၈၅၂
( ဒေါ်လာ ၃၅၁၇၆၃ ) ဖြင့် ရရှိခဲ့ ပြီး စံချိန်သစ်တင်ခဲ့ ပါတယ်...
ကုန်ကျငွေ ၁.၉ ပေါင်စတာလင်သန်း ရှိခဲ့ သည့် ကန်တုံစကားပြော အဆိုပါလူကြီးကြိုက်ဇတ်ကားဟာ လုံးဝ
အ၀တ်အစားမပါ၊ ကိုယ်လုံးတီးအပြည့် ဖြင့် ရိုက်ကူးထားပြီး အချစ်ဇတ်ကြမ်း၊ ဇတ်ဝင်ခန်းများကိုတော့ ခပ်
မှိန်မှိန်အကာအကွယ်ဖြင့်ဖန်တီးရိုက်ကူးထားပါတယ်...

ဇတ်လမ်းသဘောကတော့ မင် မင်းဆက်ကာလကိုနောက်ခံပြုကာ အိမ်ထောင်မှုသုခမရရှိနိုင်သည့် ပညာရှိ
သုခမိန်တစ်ဦး ၎င်း၏ဇနီးဟောင်းထံတွင် အချစ်စစ်၊ သာယာမှုပြန်လည်ရရှိခံစားရသည့် အကြောင်းရိုက်ကူး
ထားခြင်းလည်းဖြစ်ပါတယ်....
ထိုဇတ်ကားဟာ ၁၉၉၁ ခုနှစ်ကလည်းဟောင်ကောင်တွင် ၎င်းအမည်နှင့် ပင်ရိုက်ကူးထုတ်လုပ်ခဲ့ သည့် ဇတ်
ကားကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်...
ထုတ်လုပ်သူ စတီဖင်ရှူး က " ကျွန်တော်တို့ ဟာ ပရိတ်သတ်ကြီးရဲ့ ဆန္ဒကိုဖြည့် ဆည်းပေးလိုက်နိုင်ပြီဖြစ်
ပါတယ်... လူတွေက ဒီလိုဇတ်ကားမျိုးကိုလည်း 3D နဲ့ ရိုက်ကူးသင့် တယ်လို့ အမြဲပဲတွေးထင်ခဲ့ ကြပါတယ်။
လူတွေက အသစ်အဆန်းဆိုစိတ်ဝင်စားကြတယ်လေ..." လို့ ပြောကြားခဲ့ ပါတယ်...
၁၉၉၁ ခုနှစ်ကရိုက်ကူးဖြန့် ချီခဲ့ စဉ်ကလည်း အဆိုပါ ဇင်နှင့် အချစ်ဇတ်ကြမ်း ဇတ်ကားဟာ ဟောင်ကောင်
လူကြီးကြိုက်ရုပ်ရှင်သမိုင်းမှာ ၀င်ငွေစံချိန်တင်ခဲ့ ပါတယ်...

Pretty Good Advertising TV Show-မျက်ရည်တော့ မကျနဲပေါ့





ပန်းနုရောင်နှလုံးသားနှင့် ကောင်မလေး...

သဲသဲမဲမဲ ရွာနေသည့် မိုးသက်လေနှင်မုန်တိုင်းဆင်နေဆဲကာလမှာ ပိန်ပိန်ပါးပါးသွယ်လျလျခန္ဓာကိုယ်နှင့် မိန်းကလေး တစ်ယောက် သူမရဲခန္ဓာကိုယ်တစ်ပိုင်းလုံးရွဲရွဲစိုနေသည့်တိုင် မသန်မစွမ်းဖြင့်  တောင်းရမ်း စားသောက်နေရသည့်  အဘိုးအို တစ်ဦးအား မိုးရေထဲတွင် ထီးတစ်လက်ဖြင့် သက်သာရာ ရစေကြောင်း ကာကွယ်ကာ မိုးပေးခဲ့ တဲ့ မြင်ကွင်းကတော့ ၀တ္တု ဇတ်လမ်းတွေ ထဲမှာတင်မဟုတ်ပဲတရုတ်နိုင်ငံမှာဖြစ်ပွားခဲ့ တာပါ...

ရုတ်တရက်မိုးသည်းထန်စွာရွာလိုက်လို့  အသက်အရွယ်ကြီးရင့် ကာခြေထောက်တစ်ဖက်မသန်မစွမ်း
ဖြစ်နေသူ အဖိုးအိုတစ်ယောက် သစ်သားလှည်းကလေးပေါ်တွင် ခက်ခက်ခဲခဲရွေ့ လျားသွားလာနေ
ခိုက် လှပချောမောသည့် မိန်းမပျိုလေးတစ်ဦး ထီးကလေးတစ်ချောင်းဖြင့် ပြေးထွက်လာကာ ထိုအဖိုး
အိုအား သူမခန္ဓာကိုယ်အား မိုးစိုနေသည်ကို အမှုမထားပဲ ထီးမိုးပေးခဲ့ တာဖြစ်ပါတယ်...
စူကျိုးပြည်နယ်မှ အင်တာနက်သုံးသူတစ်ဦးဟာ ဆွတ်ပျံ့ ကြည်နူးဖွယ် ထိုအခိုက်အတန့် ကလေးကို ၎င်း၏ကင်မရာဖြင့် မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့ ပါတယ်...
ထိုဓါတ်ပုံအား အင်တာနက်ပေါ်တွင် လာရောက်ကြည့် သည့် အကြိမ်ပေါင်း ၂၄၀၀၀ ကျော်သည်အထိ
လူအများရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့ ပြီး XiCi အင်တာနက်စာမျက်နှာတွင် မျက်နှာဖုံးပုံအဖြစ်ပင် လွှင့် 
တင်ထားခဲ့ ရသည်အထိဖြစ်ခဲ့ ပါတယ်...
 အွန်လိုင်း၊ အင်တာနက်သုံးစွဲသူများကတော့ ထိုမိန်းကလေးအား မိုးသက်မုန်တိုင်းထဲမှ အလှပဆုံးမြင်
ကွင်းအဖြစ် ချီးကျူးဂုဏ်ပြုလျှက်ရှိနေကြပါတယ်...
" ဒုက္ခိတအဖိုးအိုကြီးကို ထီးမိုးပေးပြီးနောက် ပြန်လာတဲ့ မိန်းကလေးဟာ ကျွန်တော့အထင်တော့ ငိုနေ
ခဲ့ ပါတယ်..." လို့ ထိုဓါတ်ပုံကို အင်တာနက်စာမျက်နှာတွင် တင်ခဲ့ သူက အဆိုပါအဖြစ်အပျက်ကို ပြန်
ပြောင်းပြောပြကာ အမှတ်တရဆိုပါတယ်...
အဆိုပါ နှလုံးသားလည်းလှ၊ လူလည်းလှသည့် မိန်းကလေးအား မည်သူမည်ဝါဖြစ်သည်ကိုသိရှိပါက
ဖုံးနံပါတ် ၉၆၀၆၀ သို့ ခေါ်ဆို၍သော်လည်းကောင်း၊ မိုလ်ဘိုင်းဖြင့် မက်ဆေ့ ခ်ျ ပို့ ၍သော်လည်း
ကောင်း Sina Weibo မှတစ်ဆင့် Modern Express သို့ သတင်းပို့ အကြောင်းကြားနိုင်ပါတယ်...
အဆိုးနဲ့ အကောင်းဆိုတာ ဘယ်နေရာမှာမဆိုဒွန်တွဲနေတာပါပဲ...
သည်မိန်းကလေးရဲ့ စိတ်ဓါတ်နဲ့ လုပ်ရပ်ကတော့ လေးစားချီးကျူးဖွယ်ရာပါပဲ...
ကိုယ်ကျိုးစွန့် အနစ်နာခံတယ်ဆိုတာ ငွေကုန်ကြေးကျအများကြီးမလိုပါဘူး...
နောက်ဆုံးပေါ် အ၀တ်အစား၊ အသုံးအဆောင်၊ မိုလ်ဘိုင်း၊ အိုင်ဖုံး၊ ကွန်ပြူတာ၊ ကင်မရာစတာတွေ
ကိုင်နိုင်၊ သုံးနိုင်ပြီး စိတ်ဓါတ်မမွန်မြတ်သူထက်စာယင် ဒီလိုမိန်းကလေးမျိုးကို ပိုပြီးအထင်ကြီး၊လေးစား
မိတာပါပဲ...
ရွှေပြည်သူညီမငယ်၊ အစ်မများလည်း အားကျအတုယူနိုင်ပါစေသတည်း...

 စေတနာလည်းလှ၊ လူလည်းလှတဲ့ ကောင်မလေးက ဒုက္ခရောက်နေသူကို ထီးမိုးပေးနေခိုက်
ကူညီပါရစေ ယူနီဖောင်းဝတ်ထားသည့် အမျိုးကောင်းသားက မိုးလုံလေလုံနေရာမှ
ကြောင်တောင်ကြည့် နေခဲ့ ပါတယ်...
 A girl in pink holds an umbrella for a disabled elderly person, while a uniformed man looks on from the side in the photo.

သူမတစ်ကိုယ်လုံး မိုးရေတွေရွှဲစိုပါစေ....အမှုမထားပဲ အဖိုးအိုကိုသာ သနားကရုဏာကြီးစွာဖြင့် 
ဖေးမကူညီခဲ့ ပါတယ်...
A girl in pink holds an umbrella for a disabled elderly person, the girl already thoroughly soaked.

ပန်းနုရောင်အင်္ကျီ၊ ပန်းနုရောင်နှလုံးသားနဲ့ ကောင်မလေးက ဒုက္ခတအဖိုးအိုကို မိုးသည်းထဲမှာ
ထီးမိုးပေးခဲ့ တာပါ...
A girl in pink holds an umbrella for a disabled elderly person.

In the middle of a rainstorm, a thin frail girl held an umbrella for a handicapped old beggar as half of her body became soaked. This scene doesn’t just happen in novels. Recently, a netizen in Suzhou happened to capture such a precious moment with his camera. These photos attracted many netizens, with the number of hits exceeding 24,000, even being promoted to the homepage of XiCi. 
Netizens have one after another praised the girl as being the most beautiful scene in middle of the rainstorm. According to this Express reporter’s investigations, the very first person to post these photos is Fengniao netizen “金桥tj” who upon recalling the circumstances of the moment said: “After holding the umbrella [for the old beggar] and coming back, I think the girl cried.”
If you know this beautiful girl, please call 96060 or send a private message through Sina Weibo to Modern Express and tell us who she is.
Copy From : http://blog.kopeter.com/

အသက် ၁၂ နှစ်သမီးက ဖောက်ထွင်းမှုကိုစုံစမ်းဖော်ထုတ်နိုင်ခဲ့ ....

Jessica Maple /YouTubeအသက် ၁၂ နှစ်အရွယ်ရှိမိန်းကလေးတစ်ဦးက အိမ်ဖောက်ထွင်းမှုတစ်ခုတွင် ရဲစုံထောက်များ သတိမပြုမိ
ခဲ့ သည့် သဲလွန်စများကို တွေ့ ရှိအခြေခံပြီး တရားခံများအားဖော်ထုတ်ကာ အမှုကိုဖြေရှင်းပေး နိုင်ခဲ့ ခြင်းဖြင့် ရဲတပ်ဖွဲ့ ဝင်စုံထောက်များအား အရှက်ရစေခဲ့ ပါတယ်... 
ဂျော်ဂျီးယာပြည်နယ်၊ အတ္တလန္တာအရပ်ရှိ ကွယ်လွန်ခဲ့ ပြီးသောသူမ၏ဖွားဖွားကြီးနေအိမ်အား ဖောက်ထွင်း
ခံရပြီးနောက် ကလေးမလေး ဂျက်စီကာမေပယ်က ပြစ်မှုကျူးလွန်သူ၊ ဖောက်ထွင်းဝင်ရောက်သူများအား
စုံစမ်းဖော်ထုတ်နိုင်ခဲ့ ပါတယ်...
အပျော်တမ်းစုံထောက်လက်သစ်ကလေးဟာ အငယ်တန်းဥပဒေအကျိုးဆောင်အဖွဲ့ မှ ယခုနှစ်နွေရာသီ
တွင်ပို့ ချခဲ့ သည့် မှုခင်းနှိမ်နင်းရေးသင်တန်းမှ စုံစမ်းထောက်လှမ်းရေးအသိပညာများအား အသုံးချခဲ့ ခြင်း
ဖြစ်ပါတယ်...

သဲလွန်စတစ်စုံတစ်ရာတွေ့ ရှိနိုင်ရန်အတွက် အခင်းဖြစ်ပွားရာနေအိမ်သို့ သူမအားခေါ်ဆောင်သွားရန်မိခင်
ဖြစ်သူအား ပြောဆိုခဲ့ ပြီးနောက် မေပယ်ကလေးဟာ နာမည်ကျော်စုံထောက်ဝတ္တုစာရေးဆရာမကြီး အာဂါ
သာခရစ်စတီးရဲ့ ဝတ္တုများထဲက ဇတ်ကောင် မစ္စမေပယ်ကဲ့ သို့ ပင် တစ်ကယ့် မှုခင်းစုံထောက်တစ်ယောက်
ကဲ့ သို့ အစွမ်းရှိကြောင်းပြသခဲ့ ပါတယ်...
ရဲတပ်ဖွဲ့ မှာ အိမ်အတွင်း ဖောက်ထွင်းဝင်ရောက်ခဲ့ ကြောင်း အရိပ်လက္ခဏာမရှိဘူး ( မတွေ့ ခဲ့ ဘူး ) ဟုဆုံး
ဖြတ်ခဲ့ သော်လည်း ဂျက်စီကာလေးကတော့  ကားရုံကိုစစ်ဆေးခဲ့ ရာတွင် ဖောက်ထွင်းဝင်ေ၇ာက်ခဲ့ သည့် 
ခြေရာလက်ရာများကို တွေ့ ရှိခဲ့ ပါတယ်...
" ပြတင်းပေါက်တွေက ပျက်စီးနေပါတ်ယ...ပြတင်းမှန်ချပ်တွေပေါ်မှာ လက်ဗွေရာတွေရှိနေခဲ့ ပါတယ်...
အားလုံးကိုမွေနှောက်လှန်လှောခဲ့ ကြတာဖြစ်ပါတယ်....အ၀တ်အစားတွေအားလုံးနေရာအနှံ့ ပြန့် ကျဲနေခဲ့ 
တာဖြစ်ပါတယ်..." လို့ သူမကပြောကြားခဲ့ ပါတယ်...

၎င်းနောက် ဂျက်ဆီကာနှင့် မိခင်ဖြစ်သူတို့ ဟာ ဒေသခံအပေါင်ဆိုင်ကိုသွားရောက်ခဲ့ ရာ ဘွားအေကြီး၏
ပစ္စည်းများအား ရောင်းချရန်ပြသထားသည်ကိုတွေ့ ခဲ့ ကြရပါတယ်...
ဆိုင်မန်နေဂျာက ထိုပစ္စည်းများလာရောက်ပေါင်နှံ၊ရောင်းချခဲ့ သည့် အမျိုးသားနှစ်ဦး၏အိုင်ဒီကတ်ပုံများ
ပေးခဲ့ ပြီးနောက် သူမဟာ ထိုအမှုကိုစုံစမ်းစစ်ဆေးနေခဲ့ သည့် ရဲအရာရှိအား ဖုံးဆက်ကာ သူမအနေနှင့် 
ထိုအမှုတရားခံအားဖော်ထုတ်ဖြေရှင်းနိုင်ခဲ့ ပြီဖြစ်ကြောင်းပြောကြားခဲ့ ပါတယ်...
" မိန်းကလေးကတော့ ကျူပ်ကိုဒီနေရာမှာ အနိုင်ရသွားပါပြီ..." လို့ ရဲအရာရှိကပြောသလို ကျွန်ကလည်း
သူတို့ လုပ်ရမယ့် အလုပ်ကို လုပ်နိုင်ခဲ့ တာပါပဲလို့ ထင်ပါတယ်..." လို့ သူမကဆိုပါတယ်...
မိန်းကလေးဟာ မိခင်ဖြစ်သူနှင့် အတူ ဖောက်ထွင်းသူခိုး၏နေအိမ်သို့ သွားရောက်ခဲ့ ပြီး ထိုသူကိုတွေ့ ဆုံခဲ့ 
ပါတယ်...
" သမီးတို့ ကသူ့ ဆီသွားပြီး ဘာကြောင့် ဒီလိုလုပ်ခဲ့ ရတာလည်းလို့ မေးလိုက်ပါတယ်...ပထမတော့ သူဟာ
ငြင်းဆန်နေခဲ့ ပါသေးတယ်...အဲဒီနောက်တော့ ဝန်ခံခဲ့ ရတာပါပဲ..." ဟုသူမကပြောကြားခဲ့ ပါတယ်...
သက်သေသက်ကာယများဖြင့် တွေ့ ရှိဖော်ထုတ်နိုင်ခဲ့ သည့် တိုင်အောင် ရဲတပ်ဖွဲ့ အနေဖြင့် ယခုအထိမည်
သူတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးခဲ့ ခြင်းမရှိသေးပါဘူး...
" သူတို့ မှာ သက်သေအထောက်အထားတွေအကုန်ရှိပါတယ်....ဒါပေမယ့် ဘာကြောင့် များဒီလောက်အ
ချိန်တွေယူနေရသလည်းဆိုတာတော့ စဉ်းစားလို့ ကိုမရတော့ ပါဘူး..." လို့ သူမကပြောကြားခဲ့ ပါတယ်...

သူတို့ မလုပ်နိုင်တာ ကလေးမလေးက လုပ်နိုင်ခဲ့ တာမို့ အမှန်ကိုဝန်ခံဖို့ အချိန်ယူနေရတာလားမှမသိတာ..

Copy from : http://blog.kopeter.com/

3D HD Cool Postcards (www.mbmsystem.de)













Wedding with Action



Julian Sunmi Park and Benjamin Jinsuk Lee got married and opted to take some of the coolest, dorkiest wedding photos possible. I like this because it’s a fun way to assert your nerdiness at your wedding without dressing up like a Klingon. It’s a perfect compromise!

The album, shot by Amanda Rynda, shows the couple having a simple picnic that goes terribly wrong. The idea came when Ben said he wanted a more masculine take on the wedding photo.The Best Wedding Photos Ever Seen On www.coolpicturegallery.us


The Best Wedding Photos Ever Seen On www.coolpicturegallery.us

The Best Wedding Photos Ever Seen On www.coolpicturegallery.us

The Best Wedding Photos Ever Seen On www.coolpicturegallery.us

The Best Wedding Photos Ever Seen On www.coolpicturegallery.us

The Best Wedding Photos Ever Seen On www.coolpicturegallery.us

The Best Wedding Photos Ever Seen On www.coolpicturegallery.us

The Best Wedding Photos Ever Seen On www.coolpicturegallery.us

The Best Wedding Photos Ever Seen On www.coolpicturegallery.us

The Best Wedding Photos Ever Seen On www.coolpicturegallery.us

The Best Wedding Photos Ever Seen On www.coolpicturegallery.us

The Best Wedding Photos Ever Seen On www.coolpicturegallery.us

The Best Wedding Photos Ever Seen On www.coolpicturegallery.us

The Best Wedding Photos Ever Seen On www.coolpicturegallery.us

The Best Wedding Photos Ever Seen On www.coolpicturegallery.us

The Best Wedding Photos Ever Seen On www.coolpicturegallery.us

The Best Wedding Photos Ever Seen On www.coolpicturegallery.us

The Best Wedding Photos Ever Seen On www.coolpicturegallery.us