Hitlar talked about Myanmar Communication








သင်္ချာနဲ့လောဂျစ်

တစ်ခါက သင်္ချာ(Maths)လို့ခေါ်တဲ့ မယ်သီလရှင်နဲ့ လောဂျစ် (Logic) လို့ခေါ်တဲ့ မယ်သီလရှင်တို့ရှိကြတယ်။ မယ်သီလရှင်နှစ်ဦးဟာ ညကြီးမိုးချုပ်ညတစ်ညမှာ အဝေးတစ်နေရာကနေ ကျောင်းကိုပြန်ခဲ့ကြတယ်။


သင်္ချား နင့်သတိထားမိလား? ငါတို့နောက်မှာ လူတစ်ယောက်လိုက်နေတာ ၃၈ မိနစ်နဲ့ စက္ကန့် ၃ဝ ရှိပြီ။ သူဘာလုပ်ချင်တာလဲ မသိဘူး?

လောဂျစ်း ဒါယုတ္တိတန်တယ်။ ငါတို့ကို စော်ကားချင်လို့ဖြစ်မယ်။

သင်္ချား ဘုရားသခင်ရေ! ဒီလိုခြေလှမ်းမျိုးနဲ့ဆို (၁၅)မိနစ်အတွင်း ငါတို့ကို သူမီလိမ့်မယ်။ ဘယ်လိုလုပ်ရမလဲ?

လောဂျစ်း ယုတ္တိတန်အောင် ငါတို့မြန်မြန်လျှောက်ရအောင်..

သင်္ချား မရတော့ဘူးထင်တယ်။

လောဂျစ်း အင်း.. မရတော့ဘူး။ အဲဒီလူက ယုတ္တိရှိရှိ မြန်သထက်မြန်လာခဲ့ပြီ။

သင်္ချား ငါတို့ဘယ်လိုလုပ်ကြမလဲ? ဒီလိုခြေလှမ်းမျိုးနဲ့ဆို တစ်မိနစ်အတွင်း ငါတို့ကို သူမီနိုင်တယ်။

လောဂျစ်း တစ်ခုတည်းသော ယုတ္တိတန်တဲ့နည်းက ငါတို့လမ်းခွဲပြီး ပြေးကြဖို့ပဲ။ နင်ဟိုဖက်ကသွား၊ ငါဒီဖက်ကသွားမယ်။ နှစ်ယောက်လုံးကို သူဖမ်းမှာတော့ မဟုတ်ဘူး။

ဒီလိုနဲ့ မင်္သကာစရာယောက်ျားက လောဂျစ်နောက် ဆက်လိုက်သွားခဲ့တယ်။ သင်္ချာကကျောင်းကို ချောချောမောမော ရောက်သွားခဲ့ပေမယ့် လောဂျစ် ကို စိတ်ပူနေခဲ့တယ်။ ခဏကြာတော့ ကျောင်းပေါက်ဝကို လောဂျစ်ရောက်လာခဲ့တယ်။

သင်္ချား အိုး.. ဘုရားသခင် ကျေးဇူးတင်လိုက်တာ နင်ပြန်လာပြီ! ဘာတွေဖြစ်ခဲ့လဲ ငါ့ကို မြန်မြန်ပြောပါဦး!

လောဂျစ်း အင်း... နှစ်ယောက်လုံးနောက် သူမလိုက်နိုင်တော့ ငါ့နောက်ကို ယုတ္တိရှိရှိ သူလိုက်ခဲ့တယ်။

သင်္ချား အဲဒီနောက် ဘာဖြစ်လဲ!

လောဂျစ်း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့တယ်။ ငါ အားကုန်ပြေးတယ်။ သူအားကုန်လိုက်တယ်။

သင်္ချား ပြီးတော့ရော?

လောဂျစ်း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့တယ်။ ငါ့ကို သူဖမ်းမိသွားတယ်။

သင်္ချား ဘုရားသခင်! နင့်ကို သူဘာလုပ်လိုက်လဲ?

လောဂျစ်း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုက ငါ ဂါဝန် မ,လိုက်တယ်။

သင်္ချား ဘုရား.. ဘုရား.. အဲဒီလူရော!

လောဂျစ်း သူလဲ ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုလုပ်လိုက်တယ်။ သူ သူ့ဘောင်းဘီကိုဆွဲချတယ်။

သင်္ချား ဘုရား.. ဘုရား.. အဲဒီနောက်?

လောဂျစ်း အဲဒီနောက်.... ဂါဝန်မ,ထားတဲ့ သီလရှင်တစ်ယောက်က ဘောင်းဘီဆွဲချထားတဲ့ ယောက်ျားတစ်ယောက်ထက် ပိုအပြေးမြန်ခဲ့တယ်လေ။ ကဲ ယုတ္တိမတန်ဘူးလား! ခုနားက နင် လျှောက်တွေးနေတယ် မဟုတ်လား! "အာမင်" လို့ မြန်မြန်ရွတ်လိုက်...

The Fail Collection












စံ၃်စိzနုာ်မဲာ်ထံ (Karen love song) cool actors :D



Source :
http://multivitaminforall.blogspot.com/2011/07/z-karen-love-song-cool-performance.html

အဲယားကွန်း အင်္ကျီများ ဂျပန်တွင် အရောင်းသွက်နေ


b41608ဂျပန်နိုင်ငံတွင် အပူဒဏ် ကာကွယ်နိုင်သည့် အဲကွန်းအင်္ကျီများ ရေပန်းစားနေသောကြောင့် ဂျပန်နိုင်ငံတွင် အပူဒဏ် ကာကွယ်နိုင်သည့် အဲကွန်းအင်္ကျီများ ရေပန်းစားနေသောကြောင့် ထုတ်လုပ်သူများသည် ၀ယ်လိုအား မြင့်တက်လာမှုကို အလျင်မီအောင် ထုတ်လုပ်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
ဂျပန်တွင် ငလျင်နှင့် ဆူနာမီ ဖြစ်ပွားမှုကြောင့် ပျက်စီးမှုများ ဖြစ်ပြီးနောက် လျှပ်စစ်ဓာတ် ပြတ်လပ်မှုများ ဖြစ်နေချိန် Kuchofuku ကုမ္ပဏီမှ အဲကွန်းအင်္ကျီဟု အမည်ပေးထားသော အင်္ကျီများကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
သက်သောင့်သက်သာ မရှိလှသည့် နွေရာသီတွင် လျှပ်စစ်ဓာတ်အား အသုံးပြုမှုများကို ကန့်သတ်မှုများကြောင့် မရပ်မနား ပူပြင်းသည့် နွေရာသီ အပူဒဏ်မှ ကာကွယ်ပေးနိုင်သည့် ယင်းအင်္ကျီများကို ၀ယ်ယူမှု မြင့်မားလာခြင်း ဖြစ်သည်။
မတူညီသည့် အရှိန်နှုန်းတွင် လေကိုဆွဲရန် ဂျာကင် အင်္ကျီထဲရှိ လျှပ်စစ်ပန်ကာ နှစ်ခုက ထိန်းချုပ်ပေးနိုင်မည် ဖြစ်သည်။
အင်္ကျီထဲရှိ ပန်ကာများကို lithiumion ဘက်ထရီနှင့် ဆက်သွယ်ထားခြင်း ဖြစ်ပြီး တစ်ခါအားသွင်းလျှင် ၁၁ နာရီကြာ သုံးစွဲနိုင်မည် ဖြစ်သည်။
''ကျွန်တော် အလုပ်လုပ်တဲ့ နေရာက အရမ်းပူတယ်။ ဒါကြောင့် လက်ပါတဲ့ ၀တ်စုံတွေကို ၀တ်သင့်တယ်။ လေသင်တုန်း ဖြတ်တာကို ကာကွယ်ဖို့ အတွက် အဲကွန်းအင်္ကျီ ၀ယ်ခဲ့တာပါ'' ဟု Kuchofuku ရုံးမှ အဲကွန်းအင်္ကျီ ၀ယ်ပြီး ပြန်လာသည့် အသက် ၃၃ နှစ်အရွယ်ရှိ Ryo Igarashi က ပြောကြားခဲ့သည်။
မော်တော်ကားကုမ္ပဏီ၊ သံမဏိ ထုတ်လုပ်သည့် ကုမ္ပဏီ၊ စားသောက်ကုန် ကုမ္ပဏီနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ အပါအ၀င် ကုမ္ပဏီ ၁၀၀၀ ကျော်ခန့်က Kuchofuku မှ ထုတ်လုပ်သည့် အင်္ကျီများကို မှာယူခဲ့ကြသည်။
Kuchofuku ကုမ္ပဏီသည် အဆိုပါ အင်္ကျီ ထုတ်လုပ်ခြင်းကို ၂၀၀၄ ခုနှစ်က စတင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အင်္ကျီများကို စက်ရုံများနှင့် ဆောက်လုပ်ရေး လုပ်ငန်းများမှ ၀ယ်ယူခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင် အိမ်ထောင်ရှင်မများနှင့် အခြား ရုံးဝန်ထမ်းများပါ ၀ယ်ယူလာကြသည်။ စံချိန်စံညွှန်းမီသည့် အဆိုပါ အင်္ကျီကို ဒေါ်လာ ၁၄၀ ၀န်းကျင်ဖြင့် ရောင်းချခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။
ထုတ်လုပ်သူများသည် ၀ယ်လိုအား မြင့်တက်လာမှုကို အလျင်မီအောင် ထုတ်လုပ်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။ ဂျပန်တွင် ငလျင်နှင့် ဆူနာမီ ဖြစ်ပွားမှုကြောင့် ပျက်စီးမှုများ ဖြစ်ပြီးနောက် လျှပ်စစ်ဓာတ် ပြတ်လပ်မှုများ ဖြစ်နေချိန် Kuchofuku ကုမ္ပဏီမှ အဲကွန်းအင်္ကျီဟု အမည်ပေးထားသော အင်္ကျီများကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ သက်သောင့်သက်သာ မရှိလှသည့် နွေရာသီတွင် လျှပ်စစ်ဓာတ်အား အသုံးပြုမှုများကို ကန့်သတ်မှုများကြောင့် မရပ်မနား ပူပြင်းသည့် နွေရာသီ အပူဒဏ်မှ ကာကွယ်ပေးနိုင်သည့် ယင်းအင်္ကျီများကို ၀ယ်ယူမှု မြင့်မားလာခြင်း ဖြစ်သည်။ မတူညီသည့် အရှိန်နှုန်းတွင် လေကိုဆွဲရန် ဂျာကင် အင်္ကျီထဲရှိ လျှပ်စစ်ပန်ကာ နှစ်ခုက ထိန်းချုပ်ပေးနိုင်မည် ဖြစ်သည်။

အင်္ကျီထဲရှိ ပန်ကာများကို lithiumion ဘက်ထရီနှင့် ဆက်သွယ်ထားခြင်း ဖြစ်ပြီး တစ်ခါအားသွင်းလျှင် ၁၁ နာရီကြာ သုံးစွဲနိုင်မည် ဖြစ်သည်။ ''ကျွန်တော် အလုပ်လုပ်တဲ့ နေရာက အရမ်းပူတယ်။ ဒါကြောင့် လက်ပါတဲ့ ၀တ်စုံတွေကို ၀တ်သင့်တယ်။ လေသင်တုန်း ဖြတ်တာကို ကာကွယ်ဖို့ အတွက် အဲကွန်းအင်္ကျီ ၀ယ်ခဲ့တာပါ'' ဟု Kuchofuku ရုံးမှ အဲကွန်းအင်္ကျီ ၀ယ်ပြီး ပြန်လာသည့် အသက် ၃၃ နှစ်အရွယ်ရှိ Ryo Igarashi က ပြောကြားခဲ့သည်။မော်တော်ကားကုမ္ပဏီ၊ သံမဏိ ထုတ်လုပ်သည့် ကုမ္ပဏီ၊ စားသောက်ကုန် ကုမ္ပဏီနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ အပါအ၀င် ကုမ္ပဏီ ၁၀၀၀ ကျော်ခန့်က Kuchofuku မှ ထုတ်လုပ်သည့် အင်္ကျီများကို မှာယူခဲ့ကြသည်။ Kuchofuku ကုမ္ပဏီသည် အဆိုပါ အင်္ကျီ ထုတ်လုပ်ခြင်းကို ၂၀၀၄ ခုနှစ်က စတင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အင်္ကျီများကို စက်ရုံများနှင့် ဆောက်လုပ်ရေး လုပ်ငန်းများမှ ၀ယ်ယူခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင် အိမ်ထောင်ရှင်မများနှင့် အခြား ရုံးဝန်ထမ်းများပါ ၀ယ်ယူလာကြသည်။ စံချိန်စံညွှန်းမီသည့် အဆိုပါ အင်္ကျီကို ဒေါ်လာ ၁၄၀ ၀န်းကျင်ဖြင့် ရောင်းချခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။

ပထမကမ္ဘာစစ် ရဲ့ အနိဌါရုံ

ပထမ ကမ္ဘာစစ်ကို စစ်ပွဲအားလုံးကို အဆုံးသတ်ရန် စစ်ပွဲ ဟု ခေါ်ခဲ့ကြပါတယ် ....
ပထမကမ္ဘာစစ်၏ ဂယက်များဟာ ပိုမိုကြောက်မက်ဖွယ်ကောင်းသော ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားရေးကို မီးထိုးပေးခဲ့ပါတယ်...
ဂျာမနီမှာ နာဇီဝါဒ ထွန်းကားရေးကို အထောက်အကူပြုခဲ့သလို ၊ ရုရှမှာလည်း ကွန်မြူနစ်ဝါဒ ပေါ်ပေါက်လာရေးကို တွန်းအားပေးခဲ့ပါတယ် ...
1914 မှ 1918 ခုနှစ်ထိဖြစ်ပွားခဲ့သော ပထမကမ္ဘာစစ်တွင် စစ်သားပေါင်း ကိုးသန်းနီးပါး သေဆုံးခဲ့ကြပါတယ်...
နေ့စဉ်ပျမ်းမျှ စစ်သားပေါင်း 5600 သေဆုံးခဲ့တာပါ ...
ထမကမ္ဘာစစ် ရဲ့ အနိဌါရုံမြင်ကွင်းတစ်ခုပါ ..

စစ်ကြောင့် စတေးသွားရတဲ့သူတွေ အိပ်စက်ရာပါ .

ပုံပြောသောကိရိယာ

1895 ခုနှစ် ဒီဇင်ဘာလ 25 ရက်နေ့ တွင် အမေရိကန်နိုင်ငံ မြို.ကြီးတစ်မြို.ရှိ စိတ်ကူးယဉ် ကော်ဖီဆိုင်တစ်ဆိုင်အတွင်းတွင်
 လူ 33 ဦးသည် ထောင်စုနှစ်၏ ပုံပြောသောကိရိယာ အသစ်တစ်ခုကို ကြည့်ရူရန် စုဝေးခဲ့ကြပါသည် ..
ဒါဟာ ကမ္ဘာပေါ်မှာ ပထမဦးဆုံး ပြသခဲ့သော ရုပ်ရှင်တစ်ခုဖြစ်ခဲ့ပါတယ်....

ကမ္ဘာ့ ပထမဦးဆုံးသော ဓါတ်ပုံ

 (၁) ပြင်သစ်လူမျိုး ဂျိုးဇက် နစ်ဖိုးနစ်ဆေးသည် 1826 ခုနှစ်တွင် ကမ္ဘာ့ ပထမဦးဆုံးသော ဓါတ်ပုံကို ရိုက်ကူးခဲ့သူဖြစ်သည်..
သဘာဝအလှ ရူခင်း တစ်ခုကို အပေါ်စီးမှ ရိုက်ကူးခ့သော ဓါတ်ပုံဖြစ်သည်.. သူ၏ ရုပ်ပုံကို Neliograph ဟုခေါ်ခဲ့သည် ...
လူ၏ ပုံကို သဘာဝအလင်းရောင်နှင့် အရိပ်တို.ဖြင့် ပထမဦးဆုံး ရိုက်ကူးခဲ့သူကတော့ လူးဝစ် ဂျက်စ်မန်ဒီ ဒါးဂါး (1787 - 1851) ဖြစ်သည် ။
 

ဂျိုးဇက် နစ်ဖိုးနစ်ဆေး ပုံပါ ..
 



ဂျိုးဇက် နစ်ဖိုးနစ်ဆေး ပထမဆုံး ရိုက်ကူးခဲ့တဲ့ ပုံပါ .. ။ သေချာကြည့်ရင် လူတစ်ယောက် နဲ့နံရံကြီး နှစ်ဖက်ကို မြင်ရပါမယ် .. :)


လူးဝစ် ဂျက်စ်မန်ဒီ ဒါးဂါး ပုံပါ ..



 လူးဝစ် ဂျက်စ်မန်ဒီ ဒါးဂါး  ပထမဆုံး လက်စွမ်းပြ ရိုက်ကူးလိုက်တဲ့ ကလေးမလေး ပုံပါ ..

၄၂ နှစ်လုံး​​လုံး​​ ဓာတ်ဆီ​​သောက်ခဲ့​​သည့်​​ တရုတ်နိုင်ငံမှ အမျိုး​​သား​​ကြီး

တရုတ်နိုင်ငံတွင် အသက် ၇၁ နှစ်အရွယ် အမျိုး​​သား​​ကြီး​​ တစ်ဦး​​သည် ၄၂ နှစ်လုံး​​လုံး​​ ဓာတ်ဆီကို စွဲလန်း​​စွာ ​​သောက်​​နေခဲ့​​​ကြောင်း​​ သိရှိရသည်။

ချန်ဒီဂျန်က အဆက်မပြတ် ​​ချောင်း​​ဆိုး​​ပြီး​​ ရင်ဘတ်တွင် နာကျင်မှု ​​ဝေဒနာ ခံစား​​ရခြင်း​​ကို ဓာတ်ဆီ​​သောက်ခြင်း​​ဖြင့်​​ ကုစား​​နိုင်မည်ဟု ယုံကြည်ရာမှ ယခုလို စွဲစွဲမြဲမြဲ ဓာတ်ဆီ​​သောက်​​နေခြင်း​​ဟု ​​ပြောကြား​​ခဲ့​​သည်။ ချန်သည် တစ်လလျင် ဓာတ်ဆီ ၃ လီတာမျှထိ ​​သောက်​​လေ့​​ရှိပြီး​​ ယခုအခါ ဓာတ်ဆီ စွဲ​​နေပြီဖြစ်သည်။

ချုံကင်း ​​တွင် ​​နေထိုင်သည့်​​ ချန်သည် ၁၉၆၉ ခုနှစ်မှ စတင်ပြီး​​ ဓာတ်ဆီ​​သောက်လာခြင်း​​ဖြစ်သည်။ အလွန် ပြင်း​​ပြင်း​​ထန်ထန် ​​ချောင်း​​ဆိုး​​ပြီး​​ မခံမရပ်နိုင်​​အောင် ရင်ဘတ် နာကျင်လာသည့်​​အတွက် ချန်က ယခုလို ဓာတ်ဆီ ​​သောက်ခဲ့​​ခြင်း​​ဖြစ်သည်။ ချုံကင်း​​ ည​​နေခင်း​​ သတင်း​​စာက ချန်၏ ထူး​​ဆန်း​​​သော အ​​လေ့​​အထကို ​​ဖော်ပြခဲ့​​ပြီး​​ ချန် စုစု​​ပေါင်း​​ ​​သောက်ခဲ့​​သည့်​​ ဓာတ်ဆီပမာဏသည် လီတာ​​ပေါင်း​​ ၁၅၀၀ မျှ ရှိ​​နေပြီဟု ခန့်​​မျန်း​​ ​​ဖော်ပြခဲ့​​သည်။

ချုံကင်း ​​ ​​ဆေး​​တက္ကသိုလ်မှ ​​ဒေါက်တာ ဖန်ဖူး​​က ချန်အား​​ ​​လေ့​​လာမှုများ​​ ပြုလုပ်ပြီး​​​နောက် ချန်၏ ခန္ဓာကိုယ်အတွင်း​​ ဓာတ်ဆီ၏ အဆိပ်အ​​တောက် ဖြစ်​​စေနိုင်​​သော အာနိသင်ကို ဟန့်​​တား​​​ပေး​​သည့်​​ ကိုယ်ခံစွမ်း​​ရည်တစ်မျိုး​​ ​​ပေါ်​​ပေါက်​​နေ​​ကြောင်း​​ ​​ပြောကြား​​ခဲ့​​သည်။ ထိုသို့​​ မဟုတ်ပါက ချန်အ​​နေနှင့်​​ အသက်ရှင်နိုင်ရန် မဖြစ်နိုင်​​တော့​​ဟုလည်း​​ ​​ဒေါက်တာဖန်က မှတ်ချက်ပြုသွား​​သည်။ ချန်က ဓာတ်ဆီ​​သောက်ခြင်း​​သည် ရင်ဘတ်နာကျင်မှုနှင့်​​ ပတ်သက်ပြီး​​ စိတ်​​ပြေ​​ပျောက်စရာ တစ်ခုတည်း​​​သော နည်း​​လမ်း​​ဟု ​​ပြောဆိုခဲ့​​​သော်လည်း​​ အမှန်တကယ် ​​ဝေဒနာ သက်သာ ​​ပျောက်ကင်း​​မှု မရှိ​​ကြောင်း​​ ဝန်ခံသွား​​သည်

ရတနာသိုက် ရှာတွေ့တယ် ဆိုပါလား

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ဘဲငါးရာ တောင်အနီး ရှေးရခိုင် ဘုရင်များ မြှုပ်နှံထားသော ဘုရင့်ရတနာ သိုက်ကို ခေတ်မီ High Tech (NASA-Te- chnology Digital Image)နည်းဖြင့် ရှာဖွေ တွေ့ရှိ နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြည်တွင်း မီဒီယာ တစ်ခုက ထုတ်ဖေါ် ရေးသားသည်။ မေသဇင်ဆိုသူ သတင်းထောက်ရေးသားသော သတင်းကို ဇွန်လ ၉ ရက်နေ့က ရန်ကုန် မီဒီယာ အုပ်စုက အင်တာနက် စာမျက်နာတွင် ထိုသို့ ထုတ်ဖေါ်ရေးသားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတင်းတွင် ရှေးရခိုင် ဘုရင်များ မြှုပ်နှံထားသော ရတနာသိုက် နေရာကိုံငါ့ High Tech Geology (NASA) ထုတ်ထားသော ဂြိုဟ်တု Lan-dsat-7 ETM+(2000) Di-gital Image Data ရှိ Spectrum လိုင်းများကို အထူးပြုလေ့လာခြင်း ဖြင့် ၎င်းင်းရတနာသိုက်များမြှုပ်နှံထားသည့် နေရာရှစ်နေရာတွေ့ရှိရသည်ဟု Global 9 Education မှသိရကြောင်း ဖေါ်ပြသည်။

ထို့ပြင် ယင်း နေရာများကို ကွင်းဆင်းတိုင်းတာပြီးမှ မြှုပ်နှံ သည့်နေရာကိုအတည် ပြုထားခြင်းဖြစ် ကြောင်း ဖေါ်ပြသည်။

''ဒီရှေးဟောင်းဘုရားတွေမြှုပ် နှံထားတဲ့နေရာကို တရားဝင်တူးဖော်ချင်ရင် နိုင်ငံတော်ကနေ တရားဝင်ခွင့်ပြုမိန့်တောင်း ခံရမယ်။ ပြီးရင် အဲဒီနေရာတွေကို ကွင်းဆင်း အသေးစိတ်တိုင်းထွာပြီးမှ စနစ်တကျ တူးဖော်သင့်ပါတယ်။ ရှေးဘုရင် တွေမြှုပ်နှံထားတဲ့ ရတနာသိုက်တကယ်ရှိပြီ ဆိုတာကိုတော့ အတည်ပြုလို့ရပါပြီ''ဟု ဒဂုံ တက္ကသိုလ်ဘူမိဗေဒဌာနမှအငြိမ်းစား ပါ မောက္ခ ဦးစိုးသိန်းက ပြောကြောင်း ဖေါ်ပြသည်။

ယင်းရတနာသိုက်နေရာအား လွန်ခဲ့သည့်ငါးလလောက်က တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရဟု ပြောသည်။

ဘဲငါးရာတောင်သည် ရခိုင် ပြည်နယ် ပုဏ္ဏားကျွန်းမြို့၏ မြောက်ဘက် ၁၆ မိုင်အကွာ ကုလားတန်မြစ် အနောက် ဘက်ကမ်း ယိုးတရုတ်စံပြကျေးရွာကြီးအနီး စစ်တွေ-ရန်ကုန်ကားလမ်းမကြီး၏ အနောက်ဘက် တစ်မိုင်ခန့် အကွာတွင် တည်ရှိသည်။ တောင်ထိပ်၏ အမြင့်မှာ ပေ ၁၃၆၀ခန့် မြင့်မားပြီး အရှည် ၅၆၃ ပေ နှင့် အကျယ် ၄၆ပေရှိကာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၏ ဗဟိုချက်မတွင် တည် ရှိကြောင်း သိရသည်။

အဆိုပါတောင်တန်း၏ အနီး ၀န်းကျင်တွင် မြတ်စွာဘုရား၏ဓာတ်တော်၊ မွေတော်များဌာပနာသော သမိုင်းဝင်စေတီ တော်များတည်ရှိကာ ဤဘဲငါးရာတောင် ပေါ်တွင် ဘဲများ နေထိုင် ကျက်စား ခဲ့ဖူးကြောင်း၊ ယင်းကိုအစွဲပြု၍ဘဲငါးရာတောင်ဟုအမည် တွင်လာခြင်းဖြစ်ကြောင်းသိရသည်။ ရှေး ရခိုင်ဘုရင်များသည် စစ်ရှုံး၍ ဘေးလွတ်ရာ သို့ထွက်ပြေးသောအခါ ၎င်းင်းတို့သယ်ဆောင် နိုင်သော အဖိုးတန် ရတနာပစ္စည်းများ ပါတစ် ပါတည်းသယ်၍ ဘေးလွတ်ရာသို့ပြေးလေ့ရှိ သည်ဟု ဆိုသည်။

အေဒီ ၆၃၈ခုနှစ်တွင် နတ် ရွာစံ သောဝေသာလီခေတ်စန္ဒြားမင်းဆက် ကိုးဆက်မြောက် စူလစန္ဒြားမင်း နတ်ရွာစံစဉ် မိဖုရားကြီးစန္ဒာဒေ၀ီ၏သားတော်သက် မင်း ငအောင်လာမှ ထွက်ပြေးတိမ်းရှောင်စဉ်ပါ လာသော နန်းစဉ်ရတနာရွှေ၊ ငွေကျောက် သံပတ္တမြားတို့ကို ရန်သူ၏လက်မှလွတ်ကင်း စေရန် ဘဲငါးရာ တောင်ထိပ်ရှိ အနောက် တောင်ဘက်တွင် ယန္တရားအစီအမံများဖြင့် တွင်းတူးကာ မြှုပ်နှံခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အဆိုပါ ရတနာသိုက် မပျက်စီးမဆုံးရှုံးရအောင် ဘဲငါးရာရှင်မနှင့် နတ်ကောင်း နတ်မြတ်တို့အား ကူညီစောင့် ရှောက်ပေးတော်မူပါဟု တိုင်တည်ကာ အဓိ ဋ္ဌာန်ပြုထားခဲ့သည်ဟု ဆိုသည်။

အဆိုပါရတနာသိုက်အား မက် မောသော ပုဂံမင်းစောမွန်နစ်မှာစုံစမ်းရှာ ဖွေရင်း စမ်းမတွိမြို့ကို တိုက်ခိုက်ခဲ့ပြန်သည်။ ဘုရင်သက်မင်းငအောင်လာသည်လည်း မြှုပ် နှံထားခဲ့သည့်ရတနာတို့ကို မယူနိုင်တော့ဘဲ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။ ထို့နောက် ဘင်္ဂလားဒေ့ရှ်၌ပင် နတ်ရွာစံခဲ့သည်ဟု ဆိုသည်။

(စမ်းမတွိ-ကုလားတန်မြစ် လက်တက်တစ်ခုဖြစ်သော စမ်းမတွိချောင်း၊ ထိုနေရာတွင် နန်းမြို့ တည်ခဲ့ခြင်းဖြစ်သည်) ပုဂံမင်း ဘုရင် စောမွန်နစ်မှာလည်း အဆိုပါ ရွှေ၊ ငွေ၊ ရတနာများကို ရှာမတွေ့ခဲ့ဘဲ နောက်ပြန်လှည့်သွားခဲ့ရသည်ဟုဆိုသည်။

ဘဲငါးရာတောင်တွင် ရတနာ သိုက်ရှိသည်ဟု လူအများသိရှိလာသည့် အခါသိုက်တူးသမားများ မကြာခဏ လာ ရောက်ခဲ့ကြပြီး ရတနာသိုက်ရယူရန် ကြိုး စားခဲ့ကြသော်လည်း အကြောင်းတစ်ခုခု ကြောင့် အစီအစဉ်ပျက်သွားတတ်သည်ဟု ဘဲငါးရာတောင်မှ ရှေးလူကြီးများက ပြော ကြသည်။

ထို့ပြင် ဘဲငါးရာတောင်ရိပ်ထိုး သော ပတ်ဝန်းကျင်ကျေးရွာဒေသများတွင် ဘဲမွေးကာ စားသောက်ခြင်း၊ ဘဲဥစားခြင်း မရှိရဆိုသည့် အယူအဆမှာ ၎င်းင်းဒေသရှိ ရှေးဘိုးဘေးစဉ်ဆက်ကပင် ယုံကြည်ကျင့် သုံးလာခဲ့ကြသည်မှာ ဤတောင်၏ထူးခြား ချက်ပင်ဖြစ်ကြောင်းသိရသည်။ ယင်းတောင် တွင် နှစ်စဉ် တန်ဆောင်မုန်း လပြည့်နေ့ည ၌ အတ္တလောက၊ ပရလောက သားတို့လာ ရောက်ဆေးပေါင်းလေ့ ရှိသည်ဟု ဒေသခံ များက ယုံကြည်နေကြဆဲပင်ဖြစ်သည်။

''ပြီးခဲ့တဲ့ငါးလလောက်က ဖလား ၀ါးနယူးစ်ဂျာနယ်မှာ အခန်းဆက်ပါခဲ့တဲ့ ဦးထွန်းကျော်ရီ(စစ်တွေ)ရဲ့ ဆောင်းပါးကို ဖတ်ပြီး နှစ်ပတ်အတွင်းမှာပဲ ဒီရှေးဟောင်း ရတနာတွေ မြှုပ်နှံထားတဲ့နေရာကို ရှာခဲ့ တယ်။ အဲဒီနှစ်ပတ်အတွင်းမှာပဲ ရှာတွေ့ခဲ့ တာပါ။ အဲဒီနောက်ပိုင်း သတင်းထုတ်ပြန် ဖို့ တော်တော် လေး စဉ်းစားနေခဲ့ရတယ်။ မတော်လောဘသမားတွေနဲ့ မသမာသူတွေ သိသွားမှာ စိုးတယ်။ သမိုင်းဝင်လဲ ဖြစ်တာ ကြောင့် အစိုးရခွင့်ပြုချက်နဲ့မှ တူးခွင့်ရမှာ မို့လို့ပေါ့'' ဟု ဦးစိုးသိန်းက ဆက်လက်ပြော ပြခဲ့သည်။


အထက်ဖော်ပြပါသတင်းဆောင်း ပါးအား ဦးထွန်းကျော်ရီ(စစ်တွေ)၏ ဖလား ၀ါးနယူးစ် ဂျာနယ်အတွဲ(၆)၊ အမှတ်-၄၉နှင့် ၅၀တို့တွင် နှစ်ပတ်ဆက်တိုက်ဆောင်းပါး အဖြစ်ဖော်ပြခဲ့သည့် ကုလားတန်မြစ်အနောက် ဘက်ကမ်းမှ သမိုင်းဝင်ဘဲငါးရာတောင်နှင့် ထူးခြားသောဖြစ်ရပ်များေ ဆာင်းပါးအား ကိုးကား၍ ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါ သည်။

Carving the Mountains ( Cool )






သင်ယူဖို့ အခက်ခဲဆုံး ဘာသာစကား ၅ ခု


ကမ္ဘာပေါ်ရှိ ဘာသာစကားတိုင်းသည် သူ့နည်းနှင့်သူ သင်ယူလေ့လာဖို့ ခက်ခဲတာချည်း ဖြစ်သည်။ မည်သည့် ဘာသာစကားမှ လွယ်ကူသည်ဟူ၍ မရှိပါ။.အောက်တွင် ဘာသာစကား ပညာရှင်အများစု သဘောတူထားသည့် သင်ယူဖို့ အခက်ခဲဆုံး ဘာသာစကား ၅ခု ဖြစ်သည်။




၁။ အာရဗီ

အာရဗီ ဘာသာစကားကို အခက်ခဲဆုံးဟု သတ်မှတ်ထားကြသည်။ အာရဗီ အရေးသားမှာ သရ အသုံးပြုမှု နည်းပြီး၊ စာဖတ်နိုင်တဲ့ အဆင့်အထိရောက်ဖို့ အလွန်ခက်ခဲလှသည်။ အထူးသဖြင့် ဥရောပ ဘာသာစကားတွေနဲ့ တူတဲ့ စကားလုံး နည်းတာကြောင့် အနောက်တိုင်းသားများအတွက် ပိုမိုခက်ခဲသည်။
၂။ တရုတ်

သင်ယူဖို့ ခက်ခဲလွန်းတဲ့ ဘာသာစကား ဖြစ်သည်။ တရုတ်စကားက တက်ကျသံ အသုံးပြုတဲ့ ဘာသာစကား (tonal language) ဖြစ်ပြီး၊ စကားလုံးတစ်လုံးကို အသံ ပြောင်းထွက်လိုက်တာနဲ့ ဆိုလိုရင်း အဓိပ္ပါယ် ပြောင်းလဲသွားသည်။ ထောင်ပေါင်းများစွာသော အရုပ်စာလုံးများနှင့် ရှုပ်ထွေးသော ရေးသားနည်း စနစ်များကြောင့် သင်ယူတတ်မြောက်ဖို့ လက်ဝင်လွန်းလှသည်။
၃။ ဂျပန်

ဂျပန်စာကလည်း ခက်ခဲလွန်းသည်။ တရုတ် ကဲ့သို့ပင်၊ ဂျပန်ဘာသာစကား လေ့လာသူမှာ အရုပ်စာလုံး ထောင်ချီပြီး အလွတ်ကျက်မှတ်နိုင်ဖို့ လိုသည်။ ရေးသားမှုစနစ်ပုံစံမှာ မူကွဲသုံးမျိုးရှိသည်။
၎။ ကိုရီးယား

ဝါကျတည်ဆောက်ပုံ၊ ဖွဲ့စည်းပုံအမျိုးမျိုးနှင့် ကြိယာသဏ္ဍန် အမျိုးမျိုးတို့ကြောင့် တခြားရေမြေကလာသူအတွက် သင်ယူဖို့ အလွန်ခက်ခဲလှသည်။ ကိုရီးယား စာအရေးအသားမှာ ခက်ခဲတဲ့ တရုတ်အရုပ်စာ အများစုအပေါ် အခြေပြုထားသည်။
၅။ ဟန်ဂေရီ

ဟန်ဂေရီ ဘာသာစကား ခက်ခဲရခြင်းအကြောင်းမှာ ကြိယာသဏ္ဍန်ပြောင်း ၇ မျိုး ရှိပြီး၊ စကားလုံးတွေမှာ ပုလ္လိင်၊ ဣတ္ထိလိင်၊ နပုလ္လိင် ခွဲခြားမှုတွေ များလွန်းသောကြောင့် ဖြစ်သည်။ ဟန်ဂေရီ ဘာသာစကားမှာ မည်သည့် ဘာသာစကား အုပ်စုနှင့်မှ ဆွေမျိုးတော်စပ်မှုမရှိသော ရှားရှားပါးပါး ‘လွတ်လပ်တဲ့ ဘာသာစကား’ တစ်ခုဖြစ်ပြီး၊ ပြင်သစ်၊ စပိန်၊ အီတလီ စတဲ့ လာတင် ဘာသာစကား အုပ်စုနှင့်လည်း ဆက်နွယ်မှု မရှိသောကြောင့် သင်ဖို့ ခက်ခဲသည်။
မောက္ခ နိုင်ငံတကာသတင်း

God is not Evil - Brilliantly Answer By A Genius